Than Lwin (Chaung Sone)


26 October, 2020

ယနေ့တင်ပြမည့်စီမံကိန်းမှာ မွန်ပြည်နယ်ရှိ ဘီလူးကျွန်း ချောင်းဆုံမြို့နယ်၊ ကညော်ကျေးရွာနှင့် မော်လမြိုင်မြို့မုပွန်ရပ်ကွက် တို့ကို ဆက်သွယ်ပေးသည့် သံလွင်တံတားဖြစ်ပါသည်။

ထိုတံတားကို တည်ဆောက်ရန်အတွက် ယခင်နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မွန်ပြည်နယ်သို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် သွားရောက်သည့်ခရီးစဉ်၌ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် တံတားစီမံကိန်းအကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီး တံတားဦးစီးဌာနမှ ဦးဆောင်၍ ဖြစ်နိုင်ချေ တံတားပြုလုပ်မှုများ အဆင့်ဆင့်ပြုလုပ်ခဲ့ပါသည်။

Than Lwin 2
လေ့လာမှုများ ပြုလုပ်ပြီးသောအခါတွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့၌ ပန္နက်တင်ကာ ပြုလုပ်ခဲ့ပါသည်။

 

တံတားဖွဲ့စည်းပုံ

ထိုတံတားသည် အရှည် ၅၂၀၃ ပေ ရှိပြီး မုပွန်ဘက်ကမ်းမှ ချဉ်းကပ်တံတားအရှည်မှာ ၆၈၉ ပေ၊ ပင်မတံတားအရှည်မှာ ၁၇၅၈ ပေနှင့် ကညော်ဘက်ချဉ်းကပ်တံတားမှာ ၂၇၅၆ ပေ ရှည်ပါသည်။

အကျယ်အဝန်းအနေဖြင့် တံတားမှာ နှစ်လမ်းသွား ကားလမ်းအမျိုးအစားဖြစ်ပြီး ၂၈ ပေ ကျယ်ဝန်းပါသည်။ ထို့အပြင် တစ်ဖက်တွင် လူသွားလမ်း ၃ ပေ ၃ လက်မ အကျယ်လမ်းပါရှိပါသည်။

တံတားဖွဲ့စည်းပုံအနေဖြင့် Steel Plate Girder မီတာ ၃၀ တစ်ခန်း၊ Steel Box Girder မီတာ ၆၀ အကျယ် ၁၇ ခန်း ၊ Main Steel Truss လေးခန်းတို့ ပါဝင်ပါသည်။

တံတားကို တံတားအထူးအဖွဲ့ ၁ နှင့် တံတားအထူးအဖွဲ့ ၄ တို့ ပူးပေါင်း၍ ပြည်တွင်း အင်ဂျင်နီယာများဖြင့် ဆောက်လုပ်လျှက်ရှိကာ ၂၀၁၇ မတ်လတွင် ဖွင့်လှစ်မည်ဟုဆိုသည်။

အုတ်မြစ်ကို ၁.၅ မီတာအချင်းရှိ bored-pile စနစ်ဖြင့် လုပ်မည်ဖြစ်ပြီး အောက်ထည်မှာ သံကူကွန်ကရစ် (reinforced concrete) ဖြစ်ပါသည်။

အပေါ်ထည်ကို သံမဏိသံဘောင်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ၁၂၀ မီတာ နှစ်ခန်းနှင့် ၁၈၀ မီတာ တစ်ခန်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

လိုအပ်သည့် သံမဏိသံဘောင်များကို ဂျပန်ကုမ္ပဏီ JFE Engineering Corp မှ ပြည်တွင်း ရှိ သာကေတမြို့နယ်၊ ရန်ကုန်တွင် ထုတ်လုပ်ကာ supply လုပ်ပေးပါသည်။

ငွေရေးကြေးရေး

တံတားဆောက်လုပ်ရန်အတွက် ငွေကြေးကျပ်ငွေ ၅၉.၈ ဘီလီယံ လျာထားခဲ့ပါသည်။ ဘဏ္ဍာရေးနှစ် ၂၀၁၅-၁၆ တွင် ဘတ်ဂျက်ငွေ ငွေလုံးငွေရင်း ရန်ပုံငွေ မှ ၁၀.၇ ဘီလီယံ၊ ဖြည့်စွက်ပြည်ထောင်စုရန်ပုံငွေမှ ကျပ် ၁၀ ဘီလီယံနှင့် ပြည်နယ်ရန်ပုံငွေ ကျပ် ၃.၃ ဘီလီယံ ရရှိခဲ့ပါသည်။

သို့သော်လည်း စုစုပေါင်း ကျပ် ၂၈ ဘီလီယံ ကို ဘဏ္ဍာနှစ် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် သုံးစွဲခဲ့သည်ဟု သိရသည်။

ကျန်သည့် အပိုင်းမျုားကို ဆက်လက်ဆောက်လုပ်ရန်အတွက် ကျပ် ၃၁.၈ ဘီလီယံကို ဘဏ္ဍာနှစ် ၂၀၁၆-၁၇ တွင် သုံးစွဲသွားမည်ဟု သိရသည်။

This article is an original writing of Myanmar Builders Guide based on information sourced from Mon State Government and Ministry of Information.

Infrastructure and Zones Read 65 times