Than Taw Myat ဘိလပ်မြေစက်ရုံကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် တည်ရှိပါသည်။
စက်ရုံကို မန္တလေးအခြေစိုက် အားသစ်မာန်ကုမ္ပဏီမှ ပိုင်ပြီး မတည်ငွေ ဒေါ်လာ သန်း၂၀ ဖြင့် စတင်ခဲ့ပါသည်။
တည်နေရာမှာ မန္တလေးမြို့ရှိ ထုံးကျောက်မြေ ဧက ၄၀၀ နေရာတွင် တည်ရှိပါသည်။
ဘိလပ်မြေထုတ်လုပ်ရာတွင် dry process cement နည်းပညာကို အသုံးပြုပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် တစ်နေ့ clinker ဘိလပ်မြေထုတ်လုပ်နိုင်စွမ်း တန် ၅၀၀၀ ရောက်ရှိလာပါသည်။
ထုတ်လုပ်နိုင်စွမ်းပမာဏကို အချိန်နှင့်အမျှ အဆင့်မြှင့်တင်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် တစ်နေ့ ထုတ်လုပ်နိုင်စွမ်း တန် တစ်သောင်းအထိ အဆင့်မြှင့်တင်မည်ဟု သိရသည်။
စက်ရုံမှ အသုံးပြုသည့် စက်ပစ္စည်းများကို ဒိန်းမတ်၊ ဂျာမနီ စသည့် နိုင်ငံသို့ အဆင့်မီ စက်ပစ္စည်းများဖြင့် အသုံးပြုလျက်ရှိကြောင်း သိရပါသည်။
ထိုစက်ရုံမှ ထုတ်သည့် ဘိလပ်မြေများကို Double Rhino Cement (ကြံ့နှစ်ကောင်) တံဆိပ်ဖြင့် မြန်မာနိုင်ငံတွင် ဖြန့်ချိလျှက်ရှိပါသည်။
Double Rhino Cement ကို ၃ မျိုးဖြန့်ချိပါသည်။ ၎င်းတို့မှာ Protland Type 32.5 Cement, Portland Type 42.5 Cement နှင့် Portland Type 52.5 Cement တို့ဖြစ်ပါသည်။
ဘိလပ်မြေ Type 32.5 မှာ အခြေခံအတန်းအစားဖြစ်ပြီး သာမန်ကွန်ကရစ်ပစ္စည်း (တိုင်၊ ပိုက်လုံး၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ပလာစတာလုပ်ငန်းများ) ထုတ်လုပ်ရေးများအတွက် အသုံးဝင်သည်ဟုဆိုသည်။
ဘိလပ်မြေ Type 42.5 မှာ Civil Construction များ ရေအောက် မြေအောက် ကွန်ကရစ်လုပ်ငန်းများ၊ highway များ အထပ်မြင့်အဆောက်အဦးများ အတွက် အသုံးဝင်သည်ဟုဆိုသည်။
ဘိလပ်မြေ Type 52.5 မှာ အမာစား အမျိုးအစားဖြစ်ပြီး ခိုင်ခိုင်ခံ့ခံ့ဆောက်ရန် အထူးလိုအပ်သည့် တံတားများ၊ တံတားတိုင်များ၊ မြေအောက်များ၊ အကြီးစားဆောက်လုပ်ရေးများအတွက် အသုံးဝင်သည်ဟု ဆိုသည်။