အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ကုန်ကျမည့် ပဲခူးမြစ်ကူးသန်လျင်တံတား အ မှတ် (၃) တည်ဆောက်ရန်ဖေဖော် ဝါရီ ၁၃ ရက်တွင် မြန်မာ - ဂျပန် အစိုးရကိုယ်စားလှယ်များစတင် ပန္နက်ရိုက်ခဲ့ပါသည်။
အဆိုပါတံတားကို သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုး တက်မှုနှင့်အတူ အခြေခံအဆောက်အအုံ လိုအပ်ချက်အရ တည်ဆောက်ခြင်းဖြစ်ပြီး ရန်ကုန် မြို့အရှေ့ခြမ်း ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းကပြောကြားထားပါသည်။
သန်လျင်တံတား အမှတ် (၃) ပန္နက်ရိုက်အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဒုဝန်ကြီးနှင့် ဂျပန်နိုင်ငံမှ မြေယာနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန် ကြီးလည်း တက်ရောက်ခဲ့ပါသည်။
‘‘သန်လျင်တံတားကြီးဟာ ရန်ကုန်ဘက်ခြမ်းချဉ်းကပ်လမ်း မှာ လမ်းတွေတော်တော်များကို ကျော်ဖြတ်သွားပြီးသာကေတအဝိုင်းမှာ ခုံးကျော်တံတားက ဆင်းသွားမှာဖြစ်ပါတယ်။ ခုံးကျော်တံ တားနဲ့ တစ်ဆက်တည်းပဲခူးမြစ် ကူးတံတားကိုတည်ဆောက်သွား မှာဖြစ်ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောကြားထားပါသည်။
တံတားသည် အစအဆုံး မီတာ ၃,၅၀၀ ကျော်ရှိမည်ဖြစ်ပြီး ပင်မတံတားသည် မီတာ ၂,၀၀၀ ကျော်ရှိမည်ဖြစ်ကာ အပိုင်း သုံး ပိုင်းဖြင့် တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု တိယဝန်ကြီး ဦးကျော်လင်းကပြောသည်။ ရန်ကုန်ဘက်ချဉ်းကပ်လမ်း တွင် မီတာ ၈၀၀ ကျော်ရှည်သည့် မိုးပျံကားလမ်းပိုင်းပါဝင်မည်ဟု ဆိုသည်။ ‘‘ရန်ကုန်မြို့တော်ရဲ့ ဖွံ့ဖြိုးလာမှုနဲ့အတူ သီလဝါအထူး စီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းသို့ကုန် ပစ္စည်းများအပြန်အလှန် သယ် ယူပို့ဆောင်ရာမှာ ခံနိုင်ဝန်ကန့် သတ်ချက်ရှိခဲ့လို့ခေတ်မီ တံတား အသစ်တစ်စင်းတည်ဆောက်ဖို့ လိုအပ်လာပါတယ်’’ ဟု ဦးကျော်လင်းကပြောကြားထားပါသည်။
ပဲခူးမြစ် ကူးသန်လျင်တံ တားအမှတ် (၃) အတွက်ဂျပန်နိုင် ငံမှ ချေးငွေသဘောတူညီမှုစာ ချုပ်ကို ၂၀၁၇ မတ်လ ၁ ရက်တွင် ချုပ်ဆိုခဲ့ပြီး ဂျပန်နိုင်ငံဖွံ့ဖြိုးမှုချေး ငွေမှ ကန်ဒေါ်လာ ၂၈၂ သန်းနှင့် မြန်မာအစိုးရက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စုစုပေါင်းသန်း၃၂၀ ကျော်ဖြင့်တည်ဆောက်မည်ဖြစ် သည်။ ကြာမြင့်ချိန်မှာ ၃၉ လဖြစ် ပြီး ၂၀၂၂ နှစ်လယ်တွင် ပြီးစီး မည်ဖြစ်ပါသည်။
ရန်ကုန်ဘက်မိုးပျံချဉ်းကပ် လမ်းကို ဂျပန် Tokyu ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ် မည်ဖြစ်ပြီး ကျန်အပိုင်းများကို လည်း အခြားဂျပန်ကုမ္ပဏီများက တစ်ပြိုင်နက်ဆောက်လုပ်မည်ဟု ဦးကျော်လင်းက ပြောကြားထားပါသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာပူ ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏မြန်မာနိုင်ငံဆိုင်ရာ ဌာ နအကြီးအကဲက JICA နှင့် မြန်မာ အစိုးရပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်း ကာ ကုန်စည်ပို့ဆောင်ရေး မဟာ ဗျူဟာစီမံကိန်းနှင့် ပို့ဆောင်ရေး မဟာဗျူဟာစီမံကိန်းနှစ်ခုရေးဆွဲ နေပြီး ထိုမဟာဗျူဟာနှစ်ခုစလုံး တွင် ယခုပဲခူးတံတားစီမံကိန်းသည် ဦးစားပေး ဆောင်ရွက်ရမည့်စီမံကိန်းဖြစ်သည်ဟု ဆိုပါသည်။