၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်မည့် သန်လျင်တံတား အမှတ်(၃)


12 September, 2019

သာကေတနှင့် သန်လျင်ကိုဆက်သွယ်ထားသည့် သန်လျင်တံတား အမှတ် ၃ ကို လာမည့် ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီးဦးကျော်လင်းက ပြောသည်။

 အဆိုပါတံတားစီမံကိန်းကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုမှ လုပ်ငန်းအပိုင်းလိုက်အကောင်ထည်ဖော်နေခြင်း ဖြစ်ပြီး သန်လျင်နှင့် သာကေတကို ဆက်သွယ်ပေးမည့် Landmark စီမံကိန်းအဖြစ်ဆောက်လုပ်နေခြင်း ဖြစ်သည်။

 တံတားဆောက်လုပ်ရန်စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း၂၉၀ ခန့်ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် ဂျပန်နိုင်ငံ ဂျိုက်ကာချေးငွေ အတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းကြားဖြင့် ပထမအရစ် ကျပ်သန်း ၅ သောင်း ရရှိပြီးဖြစ်ကြောင်း ဇန်နဝါရီလ ၁ရက်နေ့က လွှတ်တော်တွင် ပြောကြားခဲ့သည်။

 တံတားအမျိုးအစားမှာ Cable Stayed Bridge , Steel Box Girder+PC Girder နှင့် Flyover Bridge ပုံစံဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်စတင်အကောင်ထည်ဖော်သည့်စီမံကိန်းဖြစ်သည်။

 တံတားအရှည် ၃၅၀၀ မီတာ ၊ ပင်မတံတား Cable Stayed Bridge ကိုစတင်ဆောက်ရွက်နေပြီး ချည်းကပ်လမ်းကို ရူခင်းသာပတ်လမ်း ၊ ရတနာလမ်းကိုဖြတ်ပြီး သာကေတအဝိုင်းတွင် ဆုံမှတ်ထားရှိသည်။

 တည်ဆောက်ရေးတွင် ချည်းကပ်လမ်း နှင့်ပင်မတံတား အပိုင်း ၃ ခုခွဲခြားပြီး တင်ဒါကို သန်လျင်ဘက် ချည်းကပ်လမ်းအတွက် Sumitomo Mitsui Construction ၊ ပင်မတံတားကို Yokogawa Bridge Corporation နှင့် သာကေတဘက် ချည်းကပ်တံတားကို Tokyu Construction မှ တင်ဒါအောင်မြင်ထားကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

Infrastructure and Zones Read 103 times