ရန်ကုန်မြို့တွင် မြစ်ကူးတံတားကြီးများကို တည်ဆောက်ခဲ့ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုကဏ္ဍအရှိန်အဟုန်ဖြင့် တိုးတက်ရန်၊ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ခြင်းဖြင့် ကုန်စည်စီးဆင်းမှုမြန်ဆန်လျက်စက်မှုဇုန်များနှင့်
ရေနက်ဆိပ်ကမ်းတို့မှသွင်းကုန်၊ပို့ကုန်ကဏ္ဍများ ပိုမိုတိုးတက်လာစေရန် မြစ်ကူးတံတားကြီးများကို တည်ဆောက်လျက်ရှိရာ ပဲခူးမြစ်ကူးတံတားတစ်စင်းဖြစ်သော သန်လျင်တံတားအမှတ်(၃) အား မကြာမီတည်ဆောက်တော့မည်ဖြစ်သည်။
သန်လျင်တံတားအမှတ်(၃)အား ပဲခူးမြစ်ပေါ်မှ ဖြတ်သန်း၍ သန်လျင်မြို့နယ် နှင့် သာကေတ မြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်မည်ဖြစ်သည်။
သန်လျင်တံတားအမှတ်(၁)၏အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည်ဖြစ်သည်။
သာကေတ နှင့် သန်လျင်မြို့ကို ဆက်သွယ်ထားသော သန်လျင်တံတားအမှတ် (၃) ၏ တံတားအရှည်မှာ ၁၉၂၈ မီတာရှည်လျားပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာရှည်လျား၍
သာကေတ ဘက်ခြမ်းချဉ်းကပ်တံတား အရှည်မှာ မီတာ ၃ဝဝ ရှိကာသန်လျင်ဘက်ခြမ်းတွင် ၄ဝ၄ မီတာဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။
Flyover Bridge ချဉ်းကပ်တံတားအပိုင်းတွင် သာကေတဘက်ခြမ်းတွင် ၅၄၇မီတာ၊သန်လျင်ဘက်ခြမ်းတွင်၁၈၈ မီတာရှိပြီးလးလမ်းသွား ပင်မတံတားအကျယ်မှာ ၂၄ မီတာနှစ်လမ်းသွား
Flyover Bridge အကျယ်မှာ ၁၂ ဒသမ ၅မီတာ(ကုန်းပေါ်အပိုင်း) နှင့်တစ်လမ်းသွား Onramp Bridge အကျယ်မှာ ၅ ဒသမ ၅၇ မီတာ(ကွေ့ဝိုက်၍တက်မည့်လမ်း)ဖြစ်သည်။
တံတား၏အမျိုးအစားအား အပေါ်ထည် Steel Box Girder ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့်တည်ဆောက်မည်ဖြစ်သည်။
ယာဉ်တစ်စီးစီ ၏ ခံနိုင်ဝန်မှာ ၇၅ တန် သတ်မှတ်ထားသည်။
တံတားပုံစံကို ဂျပန်နိုင်ငံမှာ အကူအညီပေးခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ တည်ဆောက်မည်ဖြစ်ကာ ဆောက်လုပ်ရေးတွင် မြန်မာအင်ဂျင်နီယာအချို့ အားဖြည့် ၍ ဂျပန်နိုင်ငံ၏ ကြီးကြပ်မှုဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။
ယခုနှစ်နိုဝင်ဘာလဆန်းပိုင်းတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၂၁ ခုနှစ်မတ်လဆန်းတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။
ယင်းတံတားကို ဲJICA ချေးငွေဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါ ချေးငွေမှ ဒေါ်လာ ၂၈၂ ဒသမ ၅၄ဝ သန်းနှင့် ပြည်တွင်းမှ ဒေါ်လာ ၄ဝ ဒသမ ၆၆၆ သန်း စုစုပေါင်း ကန်ဒေါ်လာ ၃၂၃ ဒသမ ၂ဝ၁၅ သန်းဖြင့်
ခန့်မှန်းစီမံကိန်းတန်ဖိုး ရေးဆွဲ၍ တည်ဆောက်မည်ဖြစ်သည်။
အဆိုပါတံတားကြီးပြီးစီးသွားပါက သီလဝါအထူးစီးပွားရေးဇုန်အား အကြောင်းပြု၍ ပြည်တွင်း၊ပြည်ပ စီးပွားရေး လုပ်ငန်းမာျး တိုးတက်လာမှုကြောင့် ရန်ကုန်မြို့အပါအဝင်
သန်လျင်၊ကျောက်တန်း၊ခရမ်း၊သုံးခွ စသည့်မြို့နယ်များသည် လူမှုစီးပွားဘဝတိုးတက်မှုကို အမြန်ဆုံးဖြည့်ဆည်းနိုင်မည်ဖြစ်သည်။