ရန်ကုန်တိုင်းဒေသ ကြီးမှာ ပြည်လမ်းနဲ့ ပဲခူးလမ်းကို ဆက် သွယ်မယ့် ထောက်ကြန့်ခုံးကျော်တံတား ကို လွှတ်တော်က ခွင့်ပြုချက်ရရင် ကျပ် သိန်းပေါင်း ၆၅,ဝဝဝ ခန့် အကုန်အကျခံ ကာ လာမယ့် အောက်တိုဘာလလောက် မှာ စတင်တည်ဆောက်မယ်လို့ သိရပါ တယ်။
သည်ခုံးကျော်တံတားတည်ဆောက် ရေးစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေနဲ့ ဌာနရဲ့ တစ်နှစ်တာအတွင်း လုပ်ဆောင်မယ့်စီမံကိန်းထဲမှာထည့်သွင်း ရေးဆွဲထားခဲ့တာဖြစ်ပြီး သမ္မတရဲ့ ခွင့်ပြု ချက်နဲ့ လွှတ်တော်ကို တင်ပြခဲ့တာ ဖြစ်ပါ တယ်။
တံတားရဲ့အရှည်ဟာ ၁ဝ၇၆ ပေရှိပြီး အကျယ်ကတော့ ၃၂ ပေ ဖြစ်ပါတယ်။ ခန့်မှန်းထားချက်အရ KBZ ဘဏ်ရှေ့မှ အထက (၃) ရှေ့နားအထိရောက်ရှိမှာ ဖြစ် ပြီး ကားများသာဖြတ်သန်းသွားလာရမှာ ဖြစ်ပါတယ်။ ခန့်မှန်းကုန်ကျငွေ သိန်း ၆၅,ဝဝဝ ခန့် သတ်မှတ်ထားပြီး JICA ရဲ့ အကူအညီနဲ့ တည်ဆောက်မှာဖြစ်တယ် လို့လည်း သိရပါတယ်။ တံတားပေါ်မှာ ကားလမ်း နှစ်လမ်းပါမှာဖြစ်ပြီး အသွား တစ်လမ်း အပြန်တစ်လမ်း ဖြစ်တယ်လို့ သိရပါတယ်။
မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “ဒီနေ့ လွှတ်တော်ပိုင်းက ကျွန်တော့်ကို အကြောင်းကြားတာတော့ ဒါက ဂျပန်က နေပြီးတော့ ဂျပန်ချေးငွေနဲ့ လုပ်မှာပေါ့၊ ကျွန်တော်တို့ဆီကနေပြီးတော့ နည်း နည်းပဲစိုက်ရမယ်၊ ဒါပေမဲ့ ချေးငွေလား၊ ထောက်ပံ့ငွေလားတော့ တိတိကျကျ ကျွန် တော် မသိသေးဘူးပေါ့၊ကျွန်တော်တို့က သိန်း ၁၀,ဝဝဝ ပဲ စိုက်ရမယ်၊ ကျန်တဲ့ ၅၀,ဝဝဝ ကျော်လောက်က ဂျပန်က ပေး မယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ရန် ကုန်ဖွံ့ဖြိုးရေးအတွက် ဂျပန်တွေကိုယ်တိုင် စိစစ်လေ့လာထားတဲ့ ဆောင်ရွက်ချက်လို့ တော့ ကျွန်တော်ကြားထားတယ်”လို့ ပြော ပါတယ်။ပြည်သူအချို့အနေနဲ့က သည်တံတား ဆောက်လုပ်ဖို့ သုံးစွဲမယ့်ငွေပမာဏနဲ့ ပတ် သက်ပြီး ဝေဖန်မှုတွေရှိနေပေမဲ့လည်း သည်တံတား တည်ဆောက်တဲ့အခါမှာ အစိုးရပိုင်မြေပေါ်မှာပဲ တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် လွှတ်တော်ကနေ ကန့် ကွက်လာဖို့တော့ သိပ်မရှိဘူးလို့လည်း ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။
“ပြည်သူတွေက ကန့်ကွက်တဲ့ကိစ္စမှာ တော့ ကျွန်တော်ကိုယ်တိုင် ပြည်သူ့ကိုယ် စားလှယ်ဖြစ်တဲ့အတွက် သူတို့ကန့်ကွက်မှု ကို အလေးထားပါတယ်၊ ဒါပေမဲ့ အစိုးရရဲ့ လမ်းလယ်ကျွန်းမှာဆောက်မှာရယ်၊ ပြည် သူတွေရဲ့ အိမ်တွေကိုလဲ မဖျက်ဘူး၊ တိုင် တွေကိုလဲ မထိဘူး၊ အစိုးရမြေပေါ်မှာ ဆောက်တာဖြစ်တဲ့အတွက် လွှတ်တော် ကနေ ကန့်ကွက်ဖို့ အထောက်အထားက တော့ တော်တော်လေးနည်းမယ်လို့ ကျွန် တော် ယူဆပါတယ်၊ ဘာကြောင့်ဆို သူ့မြေ ကိုး”
လို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။
လွှတ်တော်ကနေ ကန့်ကွက်မှုမရှိဘဲ သည်စီမံကိန်းကို တည်ဆောင်ခွင့်ရရင် ပြည်သူတွေ အခါကြီးရက်ကြီးသွားလာတဲ့ အခါမှာ ပျမ်းမျှအားဖြင့် ယာဉ်တစ်စီးကို ၄၅ မိနစ်လောက် နှောင့်နှေးကြန့်ကြာမှု လျော့နည်းသွားနိုင်မယ်လို့လည်း သိရပါ တယ်။ ဒါ့အပြင် သည်တံတားကို ဆောက် လုပ်ရတာဟာ ထောက်ကြန့်တစ်ခုတည်း တင်ရည်ရွယ်ပြီး လုပ်ဆောင်တာမဟုတ် ဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ နှစ် နှစ်နီးပါး လေ့လာပြီးမှ ပြည်သူတွေအ တွက် အကျိုးရှိဖို့ ဆောက်လုပ်တာ ဖြစ် တယ် လို့ သိရပါတယ်။ထောက်ကြန့်ခုံးကျော်တံတားတည် ဆောက်ခြင်းစီမံကိန်းကို လက်ရှိကျင်းပ နေတဲ့ လွှတ်တော်အစည်းအဝေးတွေက နေ ခွင့်ပြုပေးလိုက်ရင်တော့ လာမယ့် အောက်တိုဘာလကနေ စတင်တည် ဆောက်မှာဖြစ်ပြီး ၂ဝ၁၉ ခုနှစ် စက်တင် ဘာလအတွင်းမှာ ပြီးစီးမှာ ဖြစ်တယ်လို့ လည်း ဦးအောင်လှိုင်ဝင်းရဲ့ ပြောပြချက် အရ သိရပါတယ်။