The Atrium Condominium စီမံကိန်းကို အမှတ် ၁၇A၊ အထက်ပန်းဆိုးတန်းနှင့် ဗိုလ်မင်းခေါင်လမ်းထောင့် ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။
အဆောက်အဦးဒီဇိုင်းနှင့်ရင်းနှီးမြုပ်နှံမှု
ထိုစီမံကိန်းကို မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဌာန၊ Yadanar Myaing construction & Home decoration နှင့် မြန်မာရွှေဥဒေါင်းမင်း တို့မှ အကျိုးတူပူးပေါင်းဆောက်လုပ်ကြောင်းသိရသည်။
ထိုစီမံကိန်းကို ဗီယက်နာမ်နိုင်ငံမှ GK Architecture မှဒီဇိုင်းရေးဆွဲပေးကြောင်းသိရသည်။
ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ပြီး ယခုအချိန်တွင် ၈ ထပ်ထိဆောက်လုပ်ပြီးနေပြီး ၂၀၁၇ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
အဆောက်အဦး၏ ကြမ်းခင်းဧရိယာမှာ ၃၁၆၃၃ စတုရန်းပေ ရှိပြီး အဆောက်အဦးအမြင့်မှာ ပေ ၂၃၀ ရှိသည်။
ယင်းစီမံကိန်းတွင် အထပ်ပေါင်း ၁၃ ထပ်ပါဝင်ပြီး တစ်လွှာတွင် ၁၃ ခန်းပါဝင်ကြောင်းသိရသည်။
အဆောက်အဦး၏ Basement ၂ ထပ်နှင့် ၄လွှာတွင် ကားပါကင်ပါဝင်မည်ဖြစ်ပြီး မြေညီထပ်တွင် shopping mall ပါဝင်မည်ဟုသိရသည်။
အဆောက်အဦး၏ basement ၁ တွင် ကား ၄၅ စီးရပ်နိုင်မည် ဖြစ်ပြီး basement ၂ တွင် ကား ၆၀ စီးရပ်နိုင်မည် ဟုသိရသည်။
ယင်းအဆောက်အဦးတွင် ဓာတ်လှေခါး ၈ စင်းပါဝင်ပြီး ကားအတွက် ၂ စင်း၊ cargo lift ၁ စင်း နှင့် လူအတွက် ၅ စင်းပါဝင်မည်ဟု သိရသည်။
အဆောက်အဦး၏ ၂ လွှာ၊ ၃ လွှာတွင် လူနေအိမ်ယာများထားရှိမည်ဖြစ်ပြီး အပေါ်ထပ် ၄လွှာမှစ၍လည်း လူနေအိမ်ယာများဖြစ်ကြောင်းသိရသည်။
ထိုအဆောက်အဦး၏ ၄ လွှာတွင်ရေကူးကန်၊ အားကစားခန်းမ၊ spa room, function room, Yoga, Squash room, mini theatre, library, food & beverage area, child playground အစရှိသော facilities များပါဝင်ကြောင်းသိရသည်။
အခန်းpricing နှင့် ငွေပေးချေမှု
အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၁,၀၀၀ ကျော်မှ ၂,၀၀၀ ကျော်အထိ ကျယ်ဝန်းပြီး အခန်း pricing မှာ စတုရန်းတစ်ပေလျှင် ၃သိန်းကျပ်ဖြစ်ပြီး ၂ လွှာနှင့် ၃ လွှာ အတွက် အခန်း pricing မှာ စတုရန်းတစ်ပေလျှင် ၃သိန်းခွဲ ထိရှိမည်ဟုသိရသည်။
ငွေပေးချေရာတွင် ၄၀ ရာခိုင်နှုန်းကို အရင်ပေးသွင်းရမည်ဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ညှိုနှိုင်း၍ အရစ်ကျ ပေးချေရမည် ဖြစ်ကြောင်းသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from pamphlet, phone, Yadanarmyaing construction website