လူသားတိုင်းရဲ့အရေးကြီးတဲ့ ဘဝနေထိုင်မူတွင် တကိုယ်ရည်သန့်ရှင်းရေး၊မိမိနေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းရေးစသည်တို့အား မဖြစ်မနေ လုပ်ဆောင်နေကြရပါသည်။
ထိုသို့မိမိနေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဟုဆိုရာတွင် မိမိနေထိုင်တဲ့ အိမ်ရဲ့သန့်ရှင်းရေးသည် အဓိကကျပါတယ်။
ထိုသို့အိမ်သန့်ရှင်းရေးလုပ်တဲ့နေရာတွင် အလွယ်တကူနှင့်မြန်မြန်ဆန်ဆန် သန့်ရှင်းရေးလုပ်နိုင်မည့် လျို့ဝှက်ချက်များသည် နေ့စဉ်သန့်ရှင်းရေးလုပ်ဖို့အတွက်အထောက်အကူဖြစ်စေမှာပါ။
ထိုသို့လွယ်ကူလျှင်မြန်စေရန် နည်းလမ်းများကို အောက်တွင် ဖော်ပြထားပါသည်။
သန့်ရှင်းရေးတွင် အထောက်အကူ ဖြစ်စေမည့် လျှို့ဝှက်နည်းလမ်းများ
(၁)ရေချိုးခန်းထဲက အစွန်းအထင်း ကိုဖယ်ရှားနည်း
ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါလိုပါ တယ်။အဲ့ဒီနှစ်ခုကို ရောပြီး နယ်ပါ။ပြီးရင်တော့ သန့်ရှင်းချင်တဲ့နေရာအပေါ်မှာ မိနစ်အနည်းငယ်ကြာ ထားပေးလိုက်ပါ။ပြီးရင်တော့ ရေနဲ့ဆေးချပြီး၊
အဝတ်ခြောက်နဲ့သုတ်ပေးရင်တော့ အသစ်အတိုင်း တောက်ပြောင်သွားမှာပါ။
(၂)မှန်ပြူတင်းပေါက်နဲ့တံခါးကို သန့်ရှင်းနည်း
မှန်ပြူတင်းပေါက်နဲ့တံခါးတွေမှာ ပေနေတဲ့ အရာတွေနဲ့ အညစ်အကြေးတို့ကို အလွယ်လေးဖယ်ရှားလို့ရပါတယ်။လိုအပ်တဲ့ ပစ္စည်းကတော့ အာလူးပါ။အာ လူးကို လှီးပြီး ပြူတင်းပေါက်ကို
ပွတ်တိုက်ပေးပါ။ပြီးရင်တော့ အဝတ်သန့်သန့် တစ်ခုနဲ့မှန်ပြူတင်းကို သုတ်ပါ။
(၃) ကြမ်းပြောင်အောင် တိုက်နည်း
အချိန်ကြာလာတာနဲ့အမျှ အရောင် မွဲလာတဲ့ ကြမ်းကို တောက်ပအောင် လုပ်ချင် ရင် အလွယ်လေးပါ။ရှာလကာရည်နဲ့ရေလိုပါတယ်။ရှာလကာရည် လက်ဖက် ရည်ခွက်ရဲ့ လေးပုံတစ်ပုံလောက်
ထည့်ပါ။ပြီးရင် ရေတစ်လီတာ (ရေသန့်ဗူး တစ်ဗူးစာ)ထည့်ပြီး ကြမ်းကို သုတ်ရမှာပါ။ကြွေပြား ကြမ်း မျိုးဆိုရင်တော့ ရေ အစား ရေနွေးကို သုံးနိုင်ပါတယ်။
(၄)မှန်ကြည်လင်အောင် တိုက်နည်း
မှန်ကို တောက်ပကြည်လင်နေအောင် အလွယ်လေးလုပ်လို့ရ တယ်။ အရက်ပြန် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းလောက်ကို အဝတ်ဖတ်ထဲမှာ စွတ်ပြီး တိုက်လို့ရပါ တယ်။
(၅)အသီးအရွက်နဲ့သားငါးကို လှီးတဲ့ အောက်ခံအပြား သန့်ရှင်းနည်း
ဒါကို သန့်ရှင်းချင်တယ်ဆိုရင်တော့ သံပရိုသီးကို လှီးပါ။ အောက်ခံအပြားပေါ်မှာ ဆားဖြူးပါ။ပြီးရင် အပြားပေါ်ကို သံပရိုခြမ်းနဲ့ပွတ်ပေးပါ။(၅)မိနစ်(၁၀)မိနစ်လော က် ကြာပြီးရင် နောက်ထပ် သံပရိုအခြမ်းတစ်ခုနဲ့
ထပ်သုတ်ပေးပါ။ပြီး ရင် ေ ရနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
(၆)ကောဇောသန့်ရှင်းနည်း
ကောဇောပေါ်မှာ မုန့်ဖုန်ဆော်ဒါကို ဖြူးပေးပါ။(၁၅)မိနစ်လောက် ကြာပြီးရင် ဖုန်စုပ်စပ်နဲ့ ရှင်းပေးပါ။ဒီနည်အားဖြင့် ညစ်ပတ်နေတဲ့ ကောဇောနဲ့ အနံ့ ဆိုးတွေကို ရှင်းလင်း တောက်ပြောင်သွားစေမှာပါ။
(၇)ရေခဲသေတ္တာ အနံ့ဆိုးပျောက်အောင်လုပ်နည်း
ရေခဲသေတ္တာမှာ အနံ့ဆိုးတွေ ထွက်နေရင် အနံ့ပျောက်အောင် လုပ်လို့ရပါတယ်။ သံပရိုသီးအရည်နဲ့ရေကို ရောပြီး အဲ့ဒီရေနဲ့ ရေခဲသေတ္တာကို သန့်ရှင်းပေးပါ။ မုန့်ဖုတ်ဆော်ဒါ အနည်းငယ်ကို
ထည့်ချင်ရင် ထည့်လို့ရပါသေးတယ်။ဒီလို လု ပ်ပေးခြင်းအားဖြင့် ရေခဲသေတ္တာကို သန့်ရှင်းအောင် လုပ်လို့ရပါတယ်။
(၈)မုန့်ဖုတ်တဲ့ မီးဖို သန့်ရှင်းနည်း
ညစ်ပတ်နေတဲ့ မုန့်ဖုတ်တဲ့ မီးဖိုကို ဆော်ဒါလက်ဖက်ရည်ခွက် တစ်ခွက်၊ရေ လက်ဖက်ရည်ခွက် တစ်ဝက်ကို ရောပါ။ပြီးရင်တော့ မီးဖိုရဲ့အတွင်းပိုင်း မျက်နှာပြင်မှာ သုတ်ပါ။ပြီးရင် ် ရှာလကာရည်ကို ဖြန်းပေးပါ။
(၁၅) မိနစ်လောက်ထားပါ။နူးညံ့တဲ့ အဝတ်နဲ့ သုတ်ပါ။
အောက်တွင်ဖော်ပြထားသောအချက်များမှ အချက်တစ်ချက်ချင်းစီကို မိနစ် ၂၀ ထက်ပိုမလုပ်ပါနှင့်၊၅မိနစ်သို့မဟုတ်၁ဝအချိန်သတ်မှတ်ထားပါ။ထိုသို့သတ်မှတ်ထားခြင်းသည်သင်၏ ကျန်ရှိနေသောအချိန်ကိုသိရှိနိုင်သည်။
ရက်၃၀အချိန်စာရင်း
၁။မီးဖိုချောင်နှင့်ဧည့်ခန်းရှင်းလင်းခြင်း
၂။ရေချိုးခန်းသန့်ရှင်းခြင်း(အိမ်သာ,ကြမ်းပြင်,နံရံများနှင့်မှန်)
၃။အိပ်ခန်းရှင်းလင်းခြင်း(အဝတ်အစားများ နှင့်ဖုန်များ)
၄။အခန်းပိုရှင်းလင်းခြင်း
၅။မီးဖိုချောင်နှင့်ဧည့်ခန်းရှင်းလင်းခြင်း
၆။ရေချိုးခန်းသန့်ရှင်းခြင်း
၇။အတွင်းပိုင်းပြတင်းပေါက်များသန့်ရှင်းခြင်း
၈။ကြမ်းပြင်များကိုတံမြက်စည်းလှဲခြင်း
၉။အိပ်ခန်းသန့်ရင်းခြင်း
၁၀။ဧည့်ခန်းအတွင်းပိုင်းသန့်ရှင်းခြင်း
၁၁။ရေချိုးခန်းသန့်ရှင်းခြင်း
၁၂။ဗီရိုရှင်းလင်းခြင်း
၁၃။အခန်းပိုသန့်ရှင်းခြင်း
၁၄။အိပ်ခန်းအတွင်းပိုင်းသန့်ရှင်းခြင်း
၁၅။မီးဖိုချောင်နှင့်ဧည့်ခန်းရှင်းလင်းခြင်း
၁၆။ရေချိုးခန်းအတွင်းပိုင်းသန့်ရှင်းခြင်း
၁၇။တံခါးများ၊TVနှင့်ဖုန်းအစရှိသည်တို့သန့်ရှင်းခြင်း
၁၈။ရေခဲသတ္တာ၊အဝတ်လျော်စက်စသည်တို့သန့်ရှင်းခြင်း
၁၉။ကားသန့်ရှင်းရေး
၂၀။မီးဖိုချောင်နှင့်ဧည့်ခန်းရှင်းလင်းခြင်း
၂၁။ရေချိုးခန်းသန့်ရှင်းခြင်း
၂၂။အိပ်ခန်းသန့်ရှင်းခြင်း
၂၃။ကမ်းပြင်များကိုတံမြက်စည်းလှဲခြင်း
၂၄။အဝဗီရီုသန့်ရှင်းရေး
၂၅။ မီးဖိုချောင်နှင့်ဧည့်ခန်းရှင်းလင်းခြင်း
၂၆။မီးဖိုချောင်အတွင်းပိုင်းရှင်းလင်းခြင်း
၂၇။ရေချိုးခန်းသန့်ရှင်းခြင်း
၂၈။အိပ်ခန်းသန့်ရှင်းခြင်း
၂၉။အမြဲအသုံးမပြုသောအခန်းရှင်းလင်းခြင်း
၃၀။ကြမ်းပြင်များကိုတံမြက်စည်းလှဲခြင်း
ဤအချက်များတွင်မိမိတို့လိုအပ်သည်များထည့်၍တစ်လစာပြင်ဆင်ပါ။ဤကဲ့သို့မိနစ်၂ဝအတွင်းသန့်ရှင်းရေးပြုလုပ်ခြင်းသည်သင်၏နေ့စဉ်ဘဝကိုအထောက်အကူပြုစရုံသာမကကျန်းမာရေးအတွက်လဲကောင်းမွန်စေပါသည်။