နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံပိုင်းတွင် လျှပ ်စစ်စွမ်းအင် ကဏ္ဍသည် များ စွာအရေးပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်သို့ စတင်ပြောင်းလဲလိုက်သည့် အချိန်မှစ၍ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်အခြေချရန် အခွင့်အလမ်းများ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် လည်း အဘက်ဘက်မှ ဆင်း ရဲနိမ့်ကျ ခဲ့သော တိုင်းပြည်အနေဖြင့် အခြေခံအဆောက်အအုံပိုင်း နောက်ကျကျန်ခဲ့လွန်းမှုကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုမျ ားအပေါ်
ဆွဲဆောင်နိုင်ရေးအတွက် အခက်အခဲများ ဖြစ်ခဲ့ရသည်။
အထူးသဖြင့် လျှပ ်စစ်စွမ်းအင် လုံလောက်စွာထုတ်လုပ်နိုင်မှု မရှိခြင်းက ကြီးစွာသောအဟန့်အတား ဖြစ်နေသည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန်စီစဉ် ထားသည့် နိုင်ငံတကာမှ
စီးပွားရေးလုပ်ငန်းစုအချို့မှာ လျှပ ်စစ်လိုအပ် ချက်ကြီးမြင့်နေခြင်းကြောင့် ၎င်းတို့၏ အစီအစဉ် များကို ရွှေ့ဆိုင်းလိုက်ရမှုများ အခြားဒေသတွင်းနိုင်ငံအချို့သို့ ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲကြရသည့်ဟု သိရသည်။
ထို့ကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကဏ္ဍအတွက် မဖြစ်မနေပြုပြင်ရမည့် လျှပ်စစ်စွမ်းအင်ကဏ္ဍကို ယခင်အစိုးရလက်ထက်မှစတင်ပြီး အလျ င်အမြန်တိုးတက်ရန် လုပ်ဆောင်သကဲ့သို့ပင် ယခုအစိုးရလက်ထက်တွင်လည်း
အလေးပေးလုပ ်ဆောင်နေသည်ကို တွေ့ရသည်။
ယခုအခါ မြန်မာနိုင်ငံတွင် နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှုနှုန်းမှာ ၁၆ ရာခိုင်နှုန်းတိုးနေကြောင်း သိရသည်။ ယင်းတိုးလာမှုနှုန်းအရကြည့်လျှင် လာမည့် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် အမြင့်ဆုံးဓာတ် အားလိုအပ်မှုမှာ ၅၀၉၂ မဂ္ဂါဝပ်အထိရှိမည်ဟု ခန့်မှန်းတွက်ချက် မှုများရှိနေသည်။
လက်ရှိတွင် ၃၁၈၉ မဂ္ဂါဝပ်အထိ ထုတ် လုပ်နိုင်ပြီ ဖြစ်သော် လည်း ၁၃၄၂ မဂ္ဂါဝပ် ထပ်မံလိုအပ်မည်ဆိုသည့် သဘောရှိနေသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကိုကြည့်လျှင် စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန်တွင်
မဂ္ဂါဝပ် ၁၃၅ဝ ကျေ်ာ နှင့် မန္တလေးတွင် မဂ္ဂါဝပ် ၅၅ဝ ကျေ်ာဖြင့် အခြားဒေသများနှင့်ယှဉ်လျှင် အများဆုံးသုံးစွဲလျက်ရှိနေသည်။
နှစ်အလိုက် ဓာတ်အားသုံးစွဲမှုတိုးလာခြင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ လျှပ်စစ်ဓာတ်အား အသုံးပြုလာနိုင်စေရန် အစိုးရအနေဖြင့် ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းရေးအ တွက် ၂ဝ၁၈ ခုနှစ်တွင်
စက်ရုံသုံးရုံမှ ၄၃၉ မဂ္ဂါဝပ်၊ ၂ဝ၁၉ ခုနှစ်တွင် စက်ရုံလေးရုံမှ မဂ္ဂါဝပ် ၇၅ဝ၊ ၂ဝ၂ဝ ပြည့်နှစ်တွင် စက်ရုံသုံးရုံမှ မဂ္ဂါဝပ် ၂၆၀၊ ၂၀၂၁ ခု နှစ်တွင် စက်ရုံငါးရုံမှ ၉၇၁ မဂ္ဂါဝပ်နှင့် ၂၀၂၂ ခုနှစ်တွင်
စက်ရုံငါးရုံမှ ၈၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီစဉ်ထားသည်။ အဆိုပါစက်ရုံမျ ားကို ဓာတ်အားထုတ်လုပ်မှုတွင် ရေအားစက်ရုံမျ ားမှ ၁၅ ရာခိုင်နှုန် း၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံမျ ားမှ ရာခိုင်နှုန်း ၃၀၊
LNG စက်ရုံမျ ားမှ ၃၂ ရာခိုင်နှုန်းနှင့် အခြားစက်ရုံမျ ားမှ ၂၃ ရာခိုင်နှုန်း အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
မတ် ၁၄ ရက်က ပြုလုပ်ခဲ့သည့် လျှပ ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လစဉ်သတင်းထုတ်ပြန်ရှင်းလင်းမှု အခမ်းအနားတွင် မူ လျှပ ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး မှ လာမည့်သုံးနှစ်အတွင်း
လျှပ် စစ်ပိုလျှ ံမှုရှိအောင် ဆောင်ရွက်မည်ဖြစ်ပြီး ထုတ်လုပ်နိုင်သည့် မဂ္ဂါဝပ် ၃ဝဝဝ ၏ နှစ်ဆဖြစ်သော မဂ္ဂါဝပ် ၆၀၀၀ ရရှိအောင် လုပ်ဆောင်မည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။
တိုင်းပြည်တိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးသည်လည်း များစွာအရေးပါသည်။ လက်ရှိအချိန်အတွင်း နိုင်ငံပြည်သူများ၏ ရာခိုင်နှုန်း ၆၀ သည် မီတာမရှိ လျှပ ်စစ်မီးအသုံးမပြုနိုင်သေးသည့်
အခြေအနေမှ ရုန်းထွက်ရန်လိုနေ သည်မှာ အမှန်ပင်ဖြစ်သည်။
အစိုးရအနေဖြင့်လည်း ကျေ းလက်နေပြည်သူများ မီတာတစ်လုံးလျှင် ကျ ပ ် ၃၀၀၀၀ ဝန်းကျင်ဖြင့် သုံးစွဲနိုင်ရန် ဆောင်ရွက်နေပြီး လာမည့်သုံးနှစ်အတွင်း ဓာတ် အားလိုင်းများ ဖြန့်ကြက်တည်ဆောက်ခြင်း၊
ဓာတ်အားလိုင်းရှိ သည့်နေရာ တိုင်းလျှပ ်စစ်ရရှိစေရန် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသော လျှပ ်စစ်ကဏ္ဍအပေါ် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုမှာ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပြီဖြစ်သည်။ တိုင်းပြည် စီးပွားရေးတိုးတက်မှုအတွက်
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန်လိုအပ ်နေသည်။ အခြားတစ်ဖက်တွင်လည်း ယင်းတို့ကို ဆွဲဆောင်နိုင်ရန် လိုအပ်သည့် အခြေခံအဆောက်အအုံကောင်းမျ ားလည်း တိုးတက်ကောင်းမွန်ရန်လိုနေသည်။
သို့ဖြစ်ရာ တိုင်းပြည်အတွက်အရေးကြီးသော လျှပ် စစ်ကဏ္ဍ ပြုပြင်ပြောင်း လဲမှုအောင်မြင်ရန် လိုအပ်နေပြီဖြစ်ကြောင်းသိရသည်။