သတ္တုပုံဖော်စက်ရုံ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သီလဝါအထူးစက်မှုဇုန်တွင် တည်ဆောက်မည် ဖြစ်ကြောင်းသိရသည်။
ယင်းစက်ရုံကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလလယ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်ဇူလိုင်လလယ်တွင် စတင်လည်ပတ်နိုင်ရန် ခန့်မှန်းထားကြောင်းသိရသည်။
ယင်းစီမံကိန်းအတွက် Bluescope Australia ကုမ္ပဏီမှမြန်မာနိုင်ငံတွင် မြန်မာကျပ်ငွေ သန်း ၈၀၀၀ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ သန်းခန့်) ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုစက်ရုံမှ သတ္တုလွှာစတီးလ် အမိုးများနှင့် စတီးလ်နံရံကာများ ထုတ်လုပ်မည့် အပြင် မြန်မာ့ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအထောက်အကူပြု အလှဆင်ပစ္စည်းများနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်း ထုတ်လုပ်သွားမည် ဟုသိရသည်။
ယင်းသတ္တုပုံဖော်စက်ရုံ တည်ဆောက်ခြင်းဖြင့် မြန်မာ့ဆောက်လုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများပေါ် ယုံကြည်မှုပြသပေးခြင်းဖြစ်သည်ဟု သိရသည်။
ထိုရင်းနှီးမြုပ်နှံမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ အထူးသဖြင့် စက်ရုံစီးပွားရေးလုပ်ငန်းပရောဂျက်များ၊ အသေးစားအလတ်စား လုပ်ငန်းများနှင့် လူနေအဆောက်အအုံများအတွက် ဈေးကွက်အခွင့်အလမ်းများ ပွင့်လင်းလာမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
Source:PyiMyanmar Newspaper