ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းအကောင် အထည်ဖော်အောင်မြင်ရေးအတွက် မြေငှားစာချုပ်ချုပ်ဆိုနိုင်ရန် မြန်မာနှင့်အီတာလျံ-ထိုင်းကုမ္ပဏီ တို့နှစ်ဖက်ညှိနှိုင်းဆွေးနွေးလျက် ရှိကြောင်း သိရသည်။
"မြေငှားစာချုပ်က အခုထိမ ချုပ်နိုင်သေးဘူး။ နောက်ဆုံးအခြေ အနေကတော့ မြေငှားစာချုပ်ချုပ် ဆိုနိုင်ဖို့အတွက် အီတာလျံထိုင်း ဘက်နဲ့ အခုဆွေးနွေးလျက်ရှိပါ တယ်။ စာချုပ်ချုပ်ဆိုနိုင်ဖို့နောက် ဆုံးအဆင့်တော့ မရောက်သေးပါ ဘူး"
ဟု ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ဩဂုတ် ၂၂ ရက်ကပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ၃/၂၀၁၈ ကြိမ်မြောက်အစည်းအဝေးကို ဩဂုတ် ၂၁ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီး ကနဦးစီမံကိန်းနှင့်ပတ် သက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်း လမ်းများထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်းအကောင်အထည် ဖော်အောင်မြင်ရေးအတွက် မြေငှား စာချုပ်ချုပ်ဆိုနိုင်ရန် အီတာလျံ-ထိုင်းကုမ္ပဏီနှင့်နှစ်ဖက်ညှိနှိုင်းဆွေး နွေးမှုအခြေအနေများ၊ ဥပဒေအ ကြံပေးငှားရမ်းဆောင်ရွက်နေမှုအ ခြေအနေများ၊ အကြံပေးဝန်ဆောင် ခပေးချေရန်ကိစ္စရပ်များ၊ နှစ်စဉ် ကြေးရရှိရန်ကိစ္စရပ်များကို ဆွေး နွေးခဲ့သည်။
အစည်းအဝေးသို့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌ၊လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ဒုတိယဥက္ကဋ္ဌ(၁) တနင်္သာ ရီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ(၂)၊ ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး၊ ဒေါက်တာတင်ထူး နိုင်နှင့်အဖွဲ့ဝင်များ၊ ထားဝယ်အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်(Special Purpose Vehicle-SPV) မြန်မာမှ ဒါ ရိုက်တာများတက်ရောက်ခဲ့ကြောင်း သိရသည်။ "ဥပဒေအကြံပေးက ငှားထားပြီးသားပါ။ ရှေ့နေပေါ့၊ မြေငှားစာချုပ်ချုပ်နိုင်ဖို့အတွက် အဲဒီငှားထားတဲ့ရှေ့နေနဲ့ အတူတ ကွ အီတာလျံ- ထိုင်းကုမ္ပဏီနဲ့ ဆွေး နွေးနေတာ"ဟု ၎င်းကပြောသည်။
ထို့အတူ ထားဝယ်အထူး စီး ပွားရေးဇုန်မှ ထိုင်းနိုင်ငံနယ်စပ်ထီး ခီးသို့ဖောက်လုပ်မည့် နှစ်လမ်းသွား ကားလမ်းအတွက် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံချေးငွေရယူ တည်ဆောက်မည့် အခြေအနေနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု များ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုလည်း စီမံခန့်ခွဲမှုကော် မတီအစည်းအဝေးတွင် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ချေးငွေက မြန်မာဘက်က ချေးငွေရယူဖို့ လွှတ်တော်ကရော အစိုးရကရော အတည်ပြုပြီးသားပါ။ ထိုင်းဘက် အတည်ပြုထုတ်ပေးနိုင် ဖို့ လမ်းပိုင်းတွေစစ်ဆေးနေလို့ လတ်တလောလုပ်ငန်းစဉ် နည်း နည်းကြာနေတဲ့သဘောပါဟု ၎င်း ကပြောသည်။ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို မြန်မာ-ထိုင်း-ဂျပန် သုံး နိုင်ငံပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းဖော်ဆောင်ပြီးပါက အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း၏ ပထမခြေ လှမ်းဖြစ်သော ထီးခီးနယ်စပ်ဂိတ် နှင့် ထားဝယ်စီးပွားရေးဇုန်ကိုဆက်သွယ်မည့် အမြန်လမ်းမကြီးကို ထိုင်း နိုင်ငံ၏ချေးငွေဖြင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိခြင်းဖြစ်သည်။
ထားဝယ် ရေနက်ဆိပ်ကမ်း ကိုဖော်ဆောင်ရန် ၂၀ဝ၈ ခုနှစ်က တည်းကစီမံခဲ့ခြင်းဖြစ်ပြီး သုံးနိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ ရပ်များအကြား အငြင်းပွားမှုများ ကြောင့် စီမံကိန်းကြန့်ကြာနေခြင်းဖြစ်သည်။
" စီမံကိန်းက တဖြည်းဖြည်း ချင်းသွားရမှာ၊ ကျွန်တော်တို့လုပ်ရ မှာတွေအများကြီး၊ ဒီမှာက အခြေ ခံအဆောက်အအုံက ဘာမှမရှိ သေးဘဲ၊ ဖြည်းဖြည်းချင်းပဲ သွား လို့ရမယ်။ ချက်ချင်းကြီးက ဘာမှ မဖြစ်နိုင်ဘူးလေ"
ဟု ဒေါက်တာ မြင့်ဆန်းက ဒီမိုကရေစီတူဒေးသို့ ဩဂုတ် ၂၂ ရက်က ပြောသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက သမ္မတဦးဝင်းမြင့်က ထိုင်းဝန်ကြီး ချုပ်နှင့်တွေ့ဆုံကာ အဆိုပါစီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော် နိုင်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ထားသည်။