မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံပိုင် ပထမဆုံး ပလတ်စတစ်စက်ရုံ


05 December, 2020

ပြည်တွင်း ပလတ်စတစ်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ထိုင်းနိုင်ငံ၏ နည်းပညာမြင့် ပထမဆုံးပလတ်စတစ်စက်ရုံအား ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါ အထူးစီးပွားရေးဇုန် (A) တွင် ဖွင့်လှစ်လိုက်ကြောင်းသိရသည်။ 

          အဆိုပါစက်ရုံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကန်ဒေါ်လာ ၁၂ မီလီယံရှိပြီး လောင်စာ၊ဂါလန်ချိန်ခွက်၊ဆေးထည့်ရန် ပလတ်စတစ်ပစ္စည်းများကို ခေတ်မီနည်းပညာများဖြင့် နိုင်ငံတကာအဆင့်မီထုတ်လုပ်မည်ဖြစ်သည်။ယင်းစက်ရုံသည် ကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ပလတ်စတစ် စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး လူမှုအဆင့်အတန်းမြင့်မားစေမည့် ထုတ်ကုန်လိုအပ်ချက်များနှင့်အညီ ပလတ်စတစ်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ်ကြောင်းသိရသည်။

          ထိုစက်ရုံကို ထိုင်းနိုင်ငံတွင် ပလတ်စတစ်ထုတ်ကုန်အား အဓိကထုတ်လုပ်ခြင်းဖြစ်သည်။ထိုင်းနိုင်ငံ တစ်ဝန်းလုံး၏ နိုင်ငံတကာက ပြည်သူများနှစ်သက်သောကြောင့် အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့သည်။ထိုင်းနိုင်ငံနှင့် အာဆီယံနိုင်ငံအထူးစီးပွားရေးဇုန်များတွင် ပလတ်စတစ် ပစ္စည်းဦးဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်နိုင်ရန် သီလဝါအထူးစီးပွားရေးဇုန်တွင် အခြေခံတိုးမြှင့်မည်ဖြစ်သည်။သီလဝါအထူးစီးပွားရေးဇုန်တွင် လိုအပ်သည့် အခြေခံ အဆောက်အအုံများနှင့် လုပ်သားအင်အား များ အသင့်ရှိသည့်အတွက် အရည်အသွေးမီထုတ်ကုန်များကို အာဆီယံနိုင်ငံ များအပါအဝင် ဥရောပနိုင်ငံများကို တင်ပို့ဖြန့်ဖြူးမည် ဖြစ်ကြောင်း S.P Petpack Inter Group Myanmar ကုမ္ပဏီလိမိတက်၏ စီမံအုပ်ချုပ်မှု ဒါရိုက်တာမှ ပြောကြားသည်။

          ထိုင်းနိုင်ငံပိုင် ပလတ်စတစ်စက်ရုံကို S.P Petpack Inter Group Myanmar ကုမ္ပဏီလိမိတက် နှင့် PTT Global Chemical Public ကုမ္ပဏီ လီမိတက် (GC) တို့က ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ပလတ်စတစ်ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချမည်ဖြစ်သည်။ယင်းပလတ်စတစ်စက်ရုံမှ ကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ပလတ်စတစ် ဈေးကွက်မှ ဒေသထုတ်ကုန်များကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နေ့စဉ်ပလတ်စတစ်ပစ္စည်းအသုံးပြုမှုမှာ တစ်နှစ်လျှင် တန်ချိန် ၂၅ဝဝဝဝ မှ ၃ဝဝဝဝဝ အထိ GDP တန်ဖိုး၏ ၁ ဒသမ ၇ဆ လိုအပ်ချက်ရှိသည်ဟုခန့်မှန်းထားကြောင်းနှင့် စက်ရုံအနေဖြင့် စီမံကိန်းပဏာမ အဆင့်တွင် တစ်နှစ်လျှင် တန်ချိန် ၃ဝဝဝ နှင့် ၂ဝ၂၆ ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၈ဝဝဝ အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ် ထားကြောင်းသိရသည်။

          S.P Petpack Inter Group Myanmar ကုမ္ပဏီလိမိတက် နှင့် PTT Global Chemical Public ကုမ္ပဏီ လီမိတက် (GC)တို့သည် မြန်မာနိုင်ငံတွင် ပလတ်စတစ်ထုပ်ပိုးစက်ရုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စတင်လည်ပတ်ရန် သြဂုတ် ၃ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း နှင့် ယခုစက်ရုံသည် မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံပိုင် ပထမဆုံးပလတ်စတစ်စက်ရုံဖြစ်ကြောင်း သိရသည်။

Infrastructure and Zones Read 137 times