ထိုစီမံကိန်းကို တာမွေမြို့နယ်ရှိ ဖိုးစိန်လမ်းပေါ်တွင် ဆောက်လုပ်လျှက်ရှိကြောင်းသိရသည်။
ယင်းစီမံကိန်းတွင် အထပ်ပေါင်း ၃၁ ထပ်ပါဝင်မည်ဖြစ်ပြီး Pyae Sone Win Nang ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ကြောင်းသိရသည်။
ထိုစီမံကိန်းအတွက် Design and engineering လုပ်ငန်းများကို စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြုလုပ်ပေးထားကြောင်းသိရသည်။
ယင်းစီမံကိန်း၏ basement တွင်ကားပါကင်ပါဝင်မည်ဖြစ်ပြီး မြေညီထပ်တွင် Hotel Style Loby ဖြစ်ပြီး ပြင်ပမှလူများအလွယ်တကူမဝင်နိုင်ရန် Waiting Area ပါဝင်မည်ဟုသိရသည်။
Level 1 မှ level 5 ထိကားပါကင်ထားရှိမည်ဖြစ်ပြီး Level 6 မှစတင်၍ လူနေအိမ်ခန်းများထားရှိမည်ဖြစ်သည်။
ထိုစီမံကိန်းတွင် လူနေအိမ်ခန်းပေါင်း ၂၀၈ ခန်းပါဝင်ဆောက်လုပ်ထားပြီး အခန်းအမျိုးအစားအနေဖြင့် Two Bedrooms, Three Bedrooms ,Four Bedrooms နှင့် Pent House ဟူ၍ လေးမျိုးခွဲခြားထားကြောင်းသိရသည်။
Level 20 တွင် ရေကူးကန်၊ ကလေးကစားကွင်း၊ အားကစားခန်းမ၊ အစရှိသော facilities များလည်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ကားပါကင်အနေဖြင့် ၂၅၂ နေရာပါဝင်ပြီး 24 Hours Security System & CCTV system ထားရှိခြင်း၊ Fire Alarm & Fire Extinguisher များထားရှိခြင်း၊ ဝင်ပေါက် ၃ ခုပါရှိမည်ဖြစ်ကြောင်းသိရသည်။
အခန်း Pricing မှာ တစ်စတုရန်းပေလျှင် နှစ်သိန်းခုနှစ်သောင်းမှ လေးသိန်းခွဲဝန်းကျင်ရှိမည်ဖြစ်ကြောင်းသိရသည်။
အခန်းအမျိုးအစားနှင့် View ပေါ်မူတည်ပြီး အကြမ်းဖျင်းအနေဖြင့် အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့်ကွာခြားနိုင်သည်ဟု သိရသည်။
Source:imyanmarhouse and The illustra at phosein condominium website