၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်စတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု တာထွက်ကောင်း


01 January, 2020

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွက် ပထမဆုံးအကြိမ် ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ဝ၄ ဒသမ ၃၂၈၈ ဒသမ ၈၂၉ သန်းရှိသောကြောင့် တာထွက်ကောင်းကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

“ဘဏ္ဍာနှစ်စမှာ ပထမဆုံးအကြိမ်ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက သန်း ၂ဝဝ ကျော်တဲ့အ တွက် တာထွက်ကောင်းပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

 

 

ထို့ပြင် အထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ရှိပြီးသားလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း၊ ရှိပြီးသားလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းတို့ပါဝင်ပါက၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာနှစ်၏ အောက်တိုဘာလ ၁ ရက်မှ ၂၁ ရက်အထိ စုစုပေါင်းဝင်ရောက်ထားသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ဝ၄ ဒသမ ၃၄၂ သန်းရှိကြောင်းသိရသည်။

 

 

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွက် ပထမဆုံးအကြိမ် ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ် ငန်း ၁ဝ ခုရှိခဲ့ပြီး ယင်းတို့တွင် စက်မှုကဏ္ဍမှ ခြောက်ခု၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုက ဏ္ဍမှတစ်ခု၊ ဟိုတယ် နှင့် ခရီးသွားကဏ္ဍမှ တစ်ခု နှင့် အခြားဝန်ဆောင်မှုကဏ္ဍမှ နှစ်ခုတို့ပါဝင် ကြောင်း သိရသည်။

 

 

ပြီးခဲ့သည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ပထမဆုံးအကြိမ်ခွင့်ပြုခဲ့သည့် နိင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄၉ သန်းသာရှိခဲ့ကြောင်း သိရသည်။

Local Read 46 times