The Lake Suites Condominium


03 November, 2020

ထိုကွန်ဒိုအား Hoang Anh Gia Lai Myanmar(HAGL Group) မှတည်ဆောက်နေကြောင်းသိရသည်။

ယင်းကွန်ဒိုသည်ကမ္ဘာအေးဘုရားလမ်းထောင့်နှင့်စက်မှု(၁)လမ်းပေါ်တွင်တည်ရှိကြောင်းသိရသည်။

Phase 1 ဖြစ်သောMelia Yangon နှင့် Myanmar Plaza မှာတည်ဆောက်ပြီးစီး နေပြီး(Phase2)ဖြစ်သည့်The Lake Suites အားစတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းသိရသည်။

၂၀၁၈နှစ်ကုန်ပိုင်းတွင် Phase 2အားတည်ဆောက်ပြီးစီးနိုင်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။

အထပ်ပေါင်း၃၂ထပ်အမြင့်ရှိပြီးအခန်းပေါင်း၆၀၀ကျော်ပါဝင်သောအဆောက်အအုံသုံးလုံးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

အထပ်တစ်ထပ်တွင်အခန်းရှစ်ခန်းပါဝင်ပြီးPentHouse ၁၂ခန်းတည်ဆောက်မည်ဟုသိရသည်။
အခန်းတစ်ခန်း၏အကျယ်အဝန်းမှာစတုရန်းပေ၇၃၇စတုရန်းပေမှ ၁၂၈၃စတုရန်းပေခန့်ထိကျယ်ဝန်းမည် ဖြစ်ကြောင်းသိရသည်။

အဆောက်အအုံတစ်ခုစီတွင်ဓာတ်လှေကားလေးစီးပါရှိပြီးBasementတွင်ကားပါကင်တစ်ထပ်စီပါရှိမည်ဖြစ်ကြောင်းသိရသည်။

Facility အနေဖြင့်ရေကူးကန်၊အားကစားခန်းမ၊ကလေးကစားကွင်း၊Tennis court၊BBQ Area၊တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခန်းတန်ဖိုးမှာတစ်စတုရန်းပေလျှင်ဒေါ်လာ၂၅၀မှ ၂၇၀ခန့်ထိသတ်မှတ်ထားပြီးPent House အတွက်တစ်စတုရန်းပေလျှင်ဒေါ်လာ၃၀၀ခန့်သတ်မှတ်ထားကြောင်းသိရပါသည်။

၂၅လအရစ်ကျပေးသွင်းနိုင်ပြီးပထမလတွင်အခန်းတန်ဖိုး၏၁၅ရာခိုင်နှုန်း၊ဒုတိယလတွင်၁၅ရာခိုင်နှုန်းပေးသွင်း နိုင်ပြီး ကျန်၇၀ရာခိုင်နှုန်းအားလစဉ်၂.၅ရာခိုင်နှုန်းကိုကုမ္ပဏီသို့လာရောက်ပေးနိုင်ကြောင်းသိရသည်။

Residential Read 118 times