The Leaf Residence


26 October, 2020

ယခုတင်ပြမယ့် စီမံကိန်းကတော့ ၂၀၄ ၊ ဓမ္မသုခကျောင်းလမ်း လှိုင်မြို့နယ် ရှိ မြေ ၂.၇ ဧကပေါ်တွင် တည်ရှိ နေသည့် The Leaf Residence ဆိုတဲ့ ရန်ုကုန်မြို့ရှိ  တန်ဖိုးသင့် ကွန်ဒို မီနီယံ ဖြစ်သည်။

The Leaf Residence ကို တည်ဆောက်သူကတော့ Nay Min Kaba Gems & Jade Mining  ကဖြစ်ပြီး ကိုယ်ပိုင် မြေကြီးပေါ်မှာ တည်ဆောက်ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

စီမံကိန်းသည် အမှတ် ရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် ဒေါ်လာ ၄၅ သန်းခန့်ရှိမည်ဖြစ်ပြီး  ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင် တည်ဆောက် ကာ  ၂၀၁၈ ခုနှစ် ဒီဇင်ဘာ တွင် အပြီးတည်ဆောက်မည်ဟု ကြေညာထားသည်။

ဒီဇိုင်းနှင့်နည်းစနစ်များ

စီမံကိန်းမှာ ၁၂ထပ်ခွဲ မြင့် အဆောက်အအုံ လေး လုံး ပါဝင်ပြီး အခန်းအရေအတွက် ၃၁၅ ခန်း ပါဝင်သည့် အခန်း ပုံစံ ၇ မျိုးပါရှိသည်ဟုဆိုသည်။ အခန်းအကျယ်အဝန်းမှာ  ၅၆၀ စတုရန်းပေမှ ၃၂၅၂ စတုရန်းပေ ထိ အစားစား ရှိသည်။  

ဤစီမံကိန်းကို ပြည်တွင်းပြည်ပ ပညာရှင်များးမှ ဒီဇိုင်းရေးဆွဲခဲ့ပြီး အင်ဂျင်နီယာ ပိုင်းနှင့် စီမံကိန်း ကြီးကြပ်ရေး များကို စင်ကာပူကုမ္ပဏီများဖြင့် လုပ်ဆောင်သွားမည်ဟု သိရသည်။

အဆောက်အအုံ ကြမ်းခင်း ဧရိယာ စုစုပေါင်းက ၈၀၀,၀၀၀ စတုရန်းပေ ရှိမည် ဖြစ်သည်။

မြေအောက်ထပ်နှစ်ထပ်တွင်မူ ကားပါကင်ရှိမည်ဖြစ်ပြီး ကားအစီးပေါင်း ၃၉၁ စီး ရပ်နားနိုင်မည် ဟုဆိုသည်။

ပါဝင်သောကုမ္ပဏီများနှင့် Specialist

Company

Country of origin

Role

IME Construction

မြန်မာ

ဆောက်လုပ်ရေး

Design Worldwide Partnership

ထိုင်း

ဗိသုကာနှင့် အိမ်တွင်းအလှဆင်

Spine Architects

မြန်မာ

ပြင်တွင်းဗိသုကာအကြံပေး

A & A Consultant

စင်ကာပူ

မြို့ပြနှင့်အဆောက်အအုံ ဖွဲ့စည်းပုံ အင်ဂျင်နီယာ

Pesko (Myanmar)

စင်ကာပူ

လျှပ်စစ်နှင့်ရွေ့လျှားမှုဆိုင်ရာအင်ဂျင်နီယာ

Surbana Jurong

စင်ကာပူ

စီမံကိန်းကြီးကြပ်ကွပ်ကဲရေး

 

The Leaf Residence တွင်နေထိုင်သူများအတွက် ရေကူးကန် ၊ ပန်းခြံ ၊အားကစား ခန်းမ စသည်ဖြင့် facilitiesrs များထည့်သွင်းထားသည်။ 

အဆောက်အအုံတစ်ခုတွင် ဓာတ်လှေကား ၃ စင်းစီ တပ်ဆင်ပေးထားပြီး လုံခြုံရေးအတွက်  CCTV  နှင့် Security Card စနစ်များလည်းပါရှီမည်ဖြစ်သည်။ ထို့အပြင် မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီခိုး ထောက်လှမ်း ကိရီယာများ ၊ မီးလန့်အချက်ပေးကိရိယာများ ၊ မီးလောင်လျင် အလိုအလျောက် ရေပန်းစနစ်များ နှင့် မီးငြိမ်းသတ်ရေး ကိရိယာများ ကိုပါ ထည့်သွင်းတည်ဆောက်သွားမည် ဟုဆိုသည်။

လျှပ်စစ်ပြတ်တောက်မှု အတွက် မီးစက်များ လည်း ထားရှိမည် ဖြစ်သည်။ အဆောက်အအုံအတွင်းတွင် နိုင်ငံတကာအဆင့်မီ ရေသန့်စင်စနစ်ဖြင့် ရေဖြန့်ချိရေး လုပ်ဆောင်မည် ဟုဆိုသည်။

Pricing and Sales Model

လက်ရှိတွင် အဆောက်အအုံ B, C, D တို့ မှ တိုက်ခန်းများအား အရောင်းဖွင့်ထားပြီး အဆောက်အအုံ A ကို နောင်အချိန်တွင် အရောင်းဖွင့်လှစ်သွားမည် ဖြစ်သည် ဟုဆိုသည်။

ဈေးနှုန်းကို အနည်းဆုံး တစ်စတုရန်းပေလျင် ၁၂၅ ဒေါ်လာနှုန်းဖြင့် အများဆုံး တစ်စတုရန်းပေလျင် ၁၄၀ ဒေါ်လာ ခန့်သတ်မှတ်ကာ အခြားသောလက်ရှိဈေးကွက်ပေါ်တွင် ရှိသော ကွန်ဒိုမီနီယံ များနှင့်နှိုင်းယှဉ်လျင် ဈေး သက်သာ သည်ဟုဆိုပါသည်။

သို့သော်လည်း အခန်းဝယ်ယူရာတွင် ကြွေပြားကပ်ခြင်း ၊ နံရံဆေးသုတ်ခြင်း ၊ ပါကေးခင်းခြင်း ၊ စသည်တို့ကို ဝယ်သူက ကိုယ့်စားရိတ်နှင့်ကိုယ် လုပ်ရမည် ဖြစ်သည်။       

အခန်းဝယ်ရာတွင် ငွေပေးချေသူအနေဖြင့် တစ်နှစ်အရစ်ကျ ၊ သုံးနှစ်အရစ်ကျ ၊ ငါးနှစ်အရစ်ကျ စသည်ဖြင့် ဝယ်ယူနိုင်၍ ကုန်ကျစရိတ် သက်သာသည်ဟုဆိုပါသည်။

Residential Read 67 times