ရန်ကုန်မြို့၏ အနာဂတ်ကာလ လူနေထိုင်မှုစနစ်တွင် ကွန်ဒိုအဆောက်အအုံများ အသုံးပြုနေထိုင်သူ များပြားလာနိုင်ကြောင်း Alliance International Development Co.,Ltd ဒါရိုက်တာထံမှသိရသည်။
မကြာမီ ကွန်ဒိုဥပဒေထွက်လာမည်ဖြစ်၍ ရန်ကုန်မြို့၏ လူနေထိုင်မှုစနစ်ထဲတွင် ကွန်ဒိုအဆောက်အဦးမှာနေထိုင်သူ များပြားလာမည့် အခြေအနေမျိုးဖြစ်လာမည်ဟု သုံးသပ်မိကြောင်းသိရသည်။
ထိုကွန်ဒို လူနေထိုင်မှုစနစ်တွင် သာမန်ကန်ထရိုက်တိုက်ခန်းများကဲ့သို့ မဟုတ်ဘဲ လုံခြုံရေးစနစ်စိတ်ချရခြင်း၊ လုံခြံုရေးဝန်ထမ်းများနှင့် လုံခြံုရေးဂိတ်များရှိနေခြင်း၊ ကိုယ်ပိုင်ထရန်စဖော်မာများနှင့် မီးစက်ကြီးများစီစဉ်ထားခြင်းတို့ကြောင့် ၂၄နာရီလျှပ်စစ်မီးရနိုင်ခြင်း၊ ရေသိုလှောင်မှုစနစ်များကြိုတင်စီစဉ်ထားခြင်းတို့ကြောင့် အချိန်မရွေးရေပေါများစွာသုံးစွဲနိုင်ခြင်း စသည့်အားသာချက်များသာမက အဆောက်အဦးဧရိယာအတွင်း၌လည်း အပန်းဖြေနေရာများ၊ Mini Cinemaများ၊ ကလေးကစားကွင်းများ၊ ရေကူးကန်နှင့် စားသောက်ဆိုင်များ ပါရှိမည်ဖြစ်၍ ပြည့်စုံသော ပတ်ဝန်းကျင်လူနေမှုအခြေအနေမျိုးကို ဖန်တီးနိုင်မည်ဖြစ်သည့်အတွက် အနာဂတ်တွင် ကွန်ဒိုလုပ်ငန်းများတွင်ကျယ်လာနိုင်သည်။
ယခု ကုမ္ပဏီကြီးအများစုသည်လည်း ကွန်ဒိုများတည်ဆောက်လာကြပြီး ရန်ကုန်မြို့၏လူနေထိုင်မှုစနစ် ပြောင်းလဲလာမည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် အဆိုပါကွန်ဒိုအိမ်ရာအဆောက်အဦးများမှာ တန်ဖိုးကြီးမားခြင်းကြောင့် သာမန်ဝင်ငွေရှိသော လူလတ်တန်းစားများပင် လက်လှမ်းမီရန်ခဲယဉ်းနေကြောင်း သိရသည်။
Myawaddy