လက်ရှိအချိန်တွင် တည်ဆောက်ရန်လုပ်ဆောင်နေသည့် ရန်ကုန်မိုးပျံအမြန်လမ်းအပြင်ရန်ကုန်မြို့တော် အပြင်ပတ်လမ်းကိုပါဆက်စပ်ပြီး ppp စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
စက်မှုဇုန်များအကြားချိတ်ဆက်မှုကောင်းစေရန်၊ပင်လယ်ကူးသဘောၤဆိပ်ကမ်းများ၊Dry Portများ၊အခြေပြုမြို့သစ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ (Logistics Riutes)အဆင်ပြေချောမွေ့လာစေရန်နှင့် နိုင်ငံ၏စီးပွားရေးစင်္ကြ ံလမ်းမကြီးတစ်ခုအဖြစ်ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းစီမံကိန်းဦးဆောင်ကော်မတီကို ဆောက်လုပ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဥက္ကဋ္ဌအဖြစ်ဦးဆောင်မည်ဖြစ်သည်။
အဆိုပါကော်မတီအနေဖြင့်ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းတို့ဆက်စပ်ပြီး လူမှုရေး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကျိုးရှိထိရောက်စေမည့် အမြန်လမ်းများ၏ လမ်းအူကြောင်းများ(Alignments)ကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်သည်။
ထို့ပြင်စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်နှင့်အညီ ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးဦးစီးဆောင်ရွက်ခြင်း၊ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းတစ်လျှောက်တွင် ပေါ်ထွက်လာမည့် စက်မှုဇုန်များ၊Logistics Hubs,Dry ports၊ဆိပ်ကမ်းများနှင့် အခြေပြုမြို့သစ်များ(Satellite Towers)ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊အဖွဲ့အစည်းများ၊တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အကြား ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်း၊ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်းရင်းနှီးမြှုပ်နှံမှုများအား ဘတ်ဂျက်အသုံးပြုမှု အနည်းဆုံးကို အခြေပြု၍ PPP စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုချက်ရယူဆောင်ရွက်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းလုပ်ဆောင်ရန် IFC နှင့် ညှိနှိုင်းထားပြိး လာမည့် ၂ဝ၁၉ ခုနှစ်အတွင်းစတင်ပြီး အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တောင်ဘက်ပိုင်းရှိ ရန်ကုန်ဆိပ်ကမ်း၊သီလဝါအထူးစီးပွားရေးဇုန်နှင့်မြောက်ပိုင်းရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ရန်ကုန်စက်မှုဥယျာဉ် နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့ကိုချိတ်ဆက်မည့် ၂၇ ကီလိုမီတာခန့်အရှည်ရှိ ရန်ကုန်အဆင့်မြင့် မိုးပျံအမြန်လမ်းမကြီးစီမံကိန်း တည်ဆောက်ရန်ဒေါ်လာ သန်း၄ဝဝ ဝန်းကျင်သုံးစွဲသွားမည်ဖြစ်သည်။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းအမြောက်အမြားထွက်ပေါ်လာရေးကိုပါ ရည်မှန်းဆောင်ရွက်ကြောင်း ပြောကြားခဲ့သည်။