ကျူးကျော်များအတွက် ပေးမည့်တိုက်ခန်းများကို ပေးချေနိုင်မည့် ဈေးနှုန်းပမာဏသတ်မှတ်ပေးမည်


27 October, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကျူးကျော်နေထိုင်သူများကိုစာရင်းကောက်ယူပြီးနေစရာအခက်အခဲရှိသူများအတွက် အိမ်ရာတိုက်ခန်းများပြန်လည်ပေးရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

ယင်းတိုက်ခန်းများ၏ဈေးနှုန်းများကိုကျူးကျော်နေထိုင်သူများပေးသွင်းနိုင်မည့်ပမာဏသာသတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်အလိုက်ကျုးကျော်နေထိုင်သူများစာရင်းများကို၂၀၁၆ခုနှစ်စက်တင်ဘာလ၃ရက်မှစတင်ကောက်ယူခဲ့ရာတွင်လက်ရှိတွင်မြို့နယ်၁၃မြို့နယ်ကောက်ယူပြီးဖြစ်ကာရာခိုင်နှုန်းအားဖြင့်၇၀ရာခိုင်နှုန်းကောက်ယူပြီးဖြစ်ကြောင်းသိရသည်။
ကျုးကျော်များကိုနေရာပေးသည့်အခါအငှားစနစ်များ၊အလှည့်ကျစနစ်များဆိုသည်မှာစာရင်းကောက်ယူသွားသည့်ပေါ်တွင်မူတည်ပါသည်။
ကျူးကျော်များမှာမြန်မာနိုင်ငံထဲမှတိုင်းရင်းသားများဖြစ်ပြီးသူတို့ကိုအဆင့်တစ်ခုရောက်ရှိအောင်စီမံဆောင်ရွက်ပေးမည်ဖြစ်သည်။
ယခုစာရင်းများကောက်နေသကဲ့သို့တဖက်မှာလည်းအဆောက်အအုံဆောက်လုပ်ပေးနိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီးဆောင်ရွက်နေပါသည်။
ယခုထွက်ပေါ်လာသောအခန်းအရေအတွက်၊တန်ဖိုးများကိုသူတို့ပေးသွင်းနိုင်မှုပေါ်မူတည်ပြီးဆောင်ရွက်သွား နိုင်မည်ဖြစ်သည်။
သို့သော်နေစရာအခက်အခဲများကြောင့်မဟုတ်ပဲစီးပွားရေးတစ်ခုအသွင်ကျူးကျော်နေထိုင်သူများ၊စီးပွားဖြစ်ကျူးကျော်နေထိုင်သူများကိုနေစရာပြန်လည်ပေးမည်မဟုတ်ကြောင်းနှင့်ယင်းတို့ကိုထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။
Source:Pyimyanmar journal

Public Housing Local Read 60 times