ကျူးကျော်များအတွက် အိမ်ရာစီမံကိန်းတွင် တိုင်းဒေသကြီးအစိုးရမှ ၆၄ ရာခိုင်နှုန်းရင်းနှီးမြုပ်နှံမည်


28 October, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများအတွက် တည်ဆောက်ပေးမည့် အိမ်ရာစီမံကိန်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ ပြောကြားထားသည်။

ယင်းအိမ်ရာစီမံကိန်းများ ရောင်းချပေးရာတွင်ဘဏ်ချေးငွေများနှင့်နှစ်ရှည်ပေးသွင်းနိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။

ကျူးကျော်များအားဖယ်ရှားနိုင်ရန် အိမ်ရာစီမံကိန်းများကို အကောင်အထည် ဖေ်ာဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင်ကျင်းပသော စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင်ရန် ကုန်တိုင်းဒေသကြီးမှ ဝန်ကြီးချုပ်မှပြောကြားထားသည်။

ကျူးကျော်များအတွက် အိမ်ရာစီမံကိန်းများဖော်ဆောင်ေ ရာင်းချပေးရာတွင်နှ စ်ရှည်ငွေပေးသွင်းမှုစနစ်ဖြင့် လုပ်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံဗဟိုဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားရန်ရှိသည်။

ယင်းအိမ်ရာစီမံကိန်းများကို လုပ်ဆောင်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းနေပြီး အိမ်ရာစီမံကိန်းကို ယခုလကုန်ပိုင်းအတွင်း စတင်ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုစာရင်းများကို လည်းစစ်တမ်းကောက်ယူထားပြီး အိမ်ရာစီမံကိန်းများဖော်ဆောင်နိုင်ရန်နှင့် နှစ်၃၀ဖြင့်ချေးငွေများ ထုတ်ချေးပေး၍ယင်းတို့မှပြန်ဆပ်သော ငွေကြေးများဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံပြန်လည် ငွေထုတ်ပေးနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

Source:Myawaddy newspaper

Local Public Housing Read 59 times