ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဒုတိယအကြိမ် အစည်းအဝေးကျင်းပ


10 July, 2019

ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (Yangon Urbon Mass Rapid Transit_YUMRT) အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးသန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရန်ကုန်မြို့ပြ လူထု ရထားပို့ဆောင်ရေးစီမံကိန်း ဦးဆောင်ကော်မတီ ပထမအကြိမ် အစည်းအဝေးကို မတ် ၄ ရက်တွင် ကျင်းပခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ ရန်ကုန်မိုးပျံရထားလမ်းနှင့် မိုးပျံအမြန်လမ်းတို့အား ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ချက်များကို ပြင် ဆင်နိုင်ခဲ့ပါကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ လမ်းအူကြောင်းအတည်ပြုသတ်မှတ်နိုင်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပေးရန် ပြောကြားသည်။

ထို့နောက် JICA Study Team မှ ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများကလည်း ဝိုင်းဝန်းဆွေးနွေးကြသည်။
 
အဆိုပါ ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Infrastructure and Zones Read 74 times