မြန်မာနိုင်ငံ၏ စမတ်အကျဆုံး မြို့


06 December, 2020

CIO Asia မှ ထုတ်ပြန်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲက စမတ်အကျဆုံးမြို့အဖြစ် မန္တလေးမြို့က ပထမဆုံးရွေးချယ်ခံရကြောင်း မန္တလေးတိုင်းမြို့ စည်ပည်သာယာရေးကော်မတီမှ သိရပါတယ်။

           Smart City အဖြစ် ရွေးချယ်ခံရတဲ့ မြို့ ၁၀ မြို့ထဲမှာ မန္တလေးမြို့က နံပါတ် ၅ အဆင့်မှာ ရပ်တည်နေပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထက် အဆင့် ၃ ဆင့်ခန့် သာနေကြောင်း သိရပါတယ်။

           အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲက မြို့ ၂၆ မြို့ထဲကနေ Smart City မြို့ ၁၀ မြို့ကို ရွေးချယ်ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။

           ယခုလို ရွေးချယ်နိုင်ဖို့ ပြီးခဲ့တဲ့ မတ်လအတွင်းက ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ စင်ကာပူဝန်ကြီးချုပ်က အာဆီယံ Smart City အဖြစ် အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

           မန္တလေးမြို့ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျ စြဖ်စေရေး၊ အများပြည်သူအလွယ်တကူ စီးနင်းသွားလာနိုင်တဲ့ စနစ်တွေနဲ့ သယ်ယူပို့ဆောင်ရေးတွေ ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်တွေ ဆောင်ရွက်ထားကြောင်း သိရပါတယ်။

           Smart City အဖြစ် ရွေးချယ်ခံရတဲ့ မြို့တွေကတော့ ဟနွိုင်း (ဗီယက်နမ်) ၊ စင်ကာပူ (စင်ကာပူ) ၊ ဂျကာတာ (အင်ဒိုနီးရှား) ၊ ကွာလာလမ်ပူ (မလေးရှား) ၊ မန္တလေး (မြန်မာ) ၊ ဖူးခက် (ထိုင်း) ၊ မကစ်ဆာ (အင်ဒိုနီးရှား) ၊ ဒါနန်း (ဗီယက်နမ်) ၊ ဘန်ကောက် (ထိုင်း) ၊ နယူးကလပ်စီးတီး (ဖိလစ်ပိုင်) တို့ဖြစ်ပါတယ်။

Region Tips Read 74 times