The Spring Line Complex


07 November, 2020

The Spring Line Residence စီမံကိန်းကိုမြေကွက်အမှတ်(၄၆၁)၊ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အောင်ဇေယျတံတားအနီး ၊ အင်းစိန်မြို့နယ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည် ဟု သိရသည်။

ထိုcomplexအားမြေဧက ၂ ဧကပေါ်တွင် Shwe Oak Khai construction မှဆောက်လုပ်ထားပြီး စင်ကာပူနိုင်ငံမှ KEI Architect မှဒီဇိုင်းရေးဆွဲပေးထားကြောင်းသိရသည်။

ထိုcomplex တွင် Residential နှင့် Business Building နှစ်မျိုးရှိကြောင်းသိရသည်။

Residential မှာ ၄လုံး တည်ဆောက်မည်ဖြစ်ပြီး Business ၁လုံးတည်ဆောက်မည်ဖြစ်သည်။

Residential

ထို residential သည် ၂၄ ထပ်မြင့်ပြီး တစ်လွှာတွင် ၄ခန်းပါဝင်သည်။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ၉ဝဝ ကျော်မှ စတုရန်းပေ၁၇ဝဝကျော်ထိ ကျယ်ဝန်းကြောင်းသိရသည်။

အဆောက်အအုံတစ်ခုတွင် ၄စင်းဖြင့် ၁၆စင်း တပ်ဆင်ပေးမည်ဖြစ်ပြီး ကားပါကင် basement ၂ထပ် နှင့် Ground ၂ ထပ်ပါမည်ဖြစ်သည်။

Facility အနေဖြင့် ရေကူးကန်၊အားကစားခန်းမ၊ပန်းခြံစသည်တို့အား ၃လွှာတွင် ထားရှိမည်ဖြစ်ကြောင်းသိရသည်။

ငွေပေးချေမှုမှာ customer နှင့် ညှိနှိုင်းပြီး အရစ်ကျ လပေါင်း၃ဝဖြင့်တစ်စတုရန်းပေလျှင် ဒေါ်လာ၁၈ဝ မှ ဒေါ်လာ ၂၄ဝ ထိခန့်မှန်းထားကြောင်းသိရသည်။

ဘဏ်နှင့်ချိတ်ဆက်ထားခြင်းမရှိသောကြောင့် ကိုယ်တိုင်လာရောက်ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

                                             Business Building

Business Buildingတွင် ၁၇ထပ်အမြင့်ရှိပြီး တစ်လွှာတွင် ၄ခန်းပါဝင်သည်။

1st floor to 4th floor မှာ Shopping Center, 5th floorမှ 10th floorအထိရုံးခန်းများအဖြစ်ထားရှိမည်ဖြစ်ပြီး 11th floor မှ 17th floorအထိ ဟိုတယ်အခန်းများထားရှိမည် ဖြစ်ကြောင်းသိရသည်။

ရုံးခန်းများပါဝင်သောအလွှာများတွင် အနည်းဆုံး စတုရန်းပေ ၃၀၀ မှစ၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကားပါကင် Basement ၂ထပ်နှင့် Ground ၁ထပ်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

The Spring Line Complex

Residential Read 132 times