နိုင်ငံပိုင် အချိုးအစားအားလျှော့ချပြီး ပုဂ္ဂလိကပိုင်အချိုးအစားသို့ပြောင်းလဲမည်


02 November, 2020


နိုင်ငံပိုင်မြေနှင့်အဆောက်အဦး၊တိုက်ခန်းနှင့်မြေကွက်များအားရောင်းချရန်နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြေညာထားကြောင်းသိရသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်လက်ဝယ်ရှိမြေနှင့်အဆောက်အဦး၊တိုက်ခန်းနှင့်မြေကွက်၂၁ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။နိုင်ငံပိုင်မြေနှင့်အဆောက်အဦးများကို

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှအိတ်ဖွင့်တင်ဒါစနစ်နှင့်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိမြေနှင့်အဆောက်အဦး ၂ခု၊မန္တလေးတိုင်းဒေသကြီးရှိမြေနှင့်အဆောက်အဦး ၃ခု၊ရန်ကုန်တိုင်းဒေသကြီးရှိမြေနှင့်အဆောက်အဦး ၆ခု၊တိုက်ခန်း၈ခန်း၊မြေကွက်၂ကွက်တို့အားရောင်းချ သွားမည်ဖြစ်ကြောင်းသိရသည်။

တင်ဒါပုံစံများအား ဇူလိုင်၂၈ရက်မှသြဂုတ်၃၁ရက်အထိနေပြည်တော်ရှိပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် ရုံးတွင်ရောင်းချသွားမည်ဖြစ်ကြောင်း၊တင်ဒါအားသတ်မှတ်ထားသောမြေနှင့်အဆောက်အဦးအလိုက် စက်တင်ဘာလအတွင်းတင်ပြရမည်ဖြစ်ကြောင်းသိရသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်အားဖွဲ့စည်းခဲ့ပြီးစီးပွားရေးပြောင်းလဲတိုးတက်ရေးအတွက်ဈေးကွက်စီးပွားရေးစနစ်နှင့်အညီနိုင်ငံပိုင်အချိုးအစားအားလျှော့ချပြီးပုဂ္ဂလိကပိုင်ပြုလုပ်ရေးလုပ်ငန်းစဉ်များအားစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက်ထိုကော်မရှင်ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၂၀၁၇မတ်လအတွင်းတွင်ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှနိုင်ငံပိုင်မြေ၊အဆောက်အဦး၁၇ခုအားရောင်းချရန်အတွက်အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ကြောင်းသိရသည်။

imyanmarhouse

Laws and Regulations Read 51 times