ရေပန်းစားလာတဲ့ ပျဉ်ထောင်မိုးထိအဆောက်အဦများ


19 July, 2021

ကမ္ဘာတစ်လွှားမှာ ဗိသုကာပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေက မိုးထိအဆောက်အဦကို အသစ်တစ်ဖန် ပြန်ရနိုင်တဲ့ သစ်ပင်တွေမှ ရရှိတဲ့ သစ်သားတွေနဲ့ တည်ဆောက်လျက် ရှိပါတယ်။ 
၂၀၂၁ ခုနှစ် ဇူလိုင်လဆန်းအထိ ဆောက်လုပ်ပြီးစီးခဲ့သမျှ ပျဉ်ထောင်မိုးထိအဆောက်အဦတွေထဲမှာ အမြင့်မားဆုံး ပျဉ်ထောင်အဆောက်အဦက မိုစတာနစ်ခ်  Mjøstårnet ဖြစ်ပြီး နော်ဝေးနိုင်ငံ အော်စလိုမြို့ မြောက်ပိုင်းမှာ တည်ရှိပါတယ်။ အထပ်ပေါင်း ၁၈ ထပ် ရှိပါတယ်။ ရုံးခန်းများ။ ဟိုတယ်အခန်းများနဲ့ လူနေအခန်းများ ပါဝင်တယ်။ အမြင့်က ၈၅ မီတာသာသာ (ပေ၂၈၀) ရှိပါတယ်။ 

 

ကနေဒါမှာ ပျဉ်ထောင်တာဝါတွေ ရှိတယ်။
 University of British Columbia တက္ကသိုလ်ဝင်းထဲမှာ တည်ဆောက်ထားတဲ့ Brock Commons အမည်ရှိ တာဝါက အထပ် ၁၈ ထပ် ပါရှိပြီး အမြင့် ၅၈ မီတာ ရှိတယ်။ ကျောင်းသူကျောင်းသားတွေနေဖို့ အဆောင်အဖြစ် အသုံးပြုပါတယ်။

 


ကွီဘက်စီတီးမှာ တည်ရှိတဲ့ Origine အမည်ရှိ ဂေဟစနစ်အသားပေး ကွန်ဒိုက ၁၃ ထပ်မြင့်တယ်။ 
၁၀ ထပ် ပါတဲ့  Arbour အမည်ရှိ ပျဉ်ထောင်အဆောက်အဉီကို George Brown College ကောလိပ်ဝင်းထဲမှာ တည်ဆောက်ဆဲ ဖြစ်ပါတယ်။ 
ပျဉ်ထောင်အဆောက်အဦက ကွန်ကရိ၊ သံမဏိနဲ့ မှန်နံရံတွေ အသုံးပြုပြီး တည်ဆောက်ထားတဲ့ အဆောက်အဦတွေလို ကြံ့ကြံ့ခံနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှု ရှိကြပါတယ်။ ဒါပေမဲ့ သမားရိုကျ မိုးထိတိုက်တာ ဆောက်လုပ်တာအတွက် ထွက်ပေါ်တဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု အထူးသဖြင့် လေထုညစ်ညမ်းမှုတွေက ထုတ်လုပ်မှုကဏ္ဍမှာ ပမာဏကြီးမားတာကြောင့် သစ်သားကို ပြောင်းလဲသုံးစွဲလာကြရတာ ဖြစ်ပါတယ်။ 

 

Tips Read 10239 times