ရန်ကုန်-ဒလတံတား စီမံကိန်းကြောင့် ဩဂုတ်ကစ၍ ဘုန်းကြီးလမ်းကို ပိတ်မည်ဖြစ်၍ ယာဉ်များ လမ်းကြောင်းရှောင်လွှဲ ပြေးဆွဲရန် ညွှန်ကြားထားကြောင်း ဝိုင်ဘီအက်စ် ယာဉ်လိုင်းတာဝန် ရှိသူများက ပြောသည်။
ဘုန်းကြီးလမ်းကို ဩဂုတ် ၁ ရက်မှ ၂၀၂၀ အောက်တိုဘာအထိ ၁၅ လကြာပိတ်ထားမည်ဟု ညွှန်ကြားချက်တွင် ပါဝင်ကြောင်း Power Eleven အများပိုင်ဘတ်စ် ကားကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာကိုတရုတ်လေးက ဆိုသည်။
အဆိုပါတံတား စီမံကိန်း သည် ရန်ကုန်မြို့တွင်းဘက်တွင် ဘုန်းကြီးလမ်းအဆုံးအထိ ပါဝင် နေပြီး တည်ဆောက်ရေးလုပ်ငန်း များစတင်တော့မည်ဖြစ်၍ ယင်း လမ်းပိုင်းနေရာကိုရှောင်၍ အသုံး ပြုရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)က ဇူလိုင် ၁၀ ရက်တွင် ညွှန် ကြားခြင်းဖြစ်သည်ဟု ဝိုင်ဘီ အက်စ်ယာဉ်လိုင်းတာဝန်ရှိသူ များက ဆိုသည်။
‘‘အဲဒီလမ်းကို အသုံးပြုနေ တဲ့ယာဉ်လိုင်းတွေက ဘယ်လမ်း ကိုအသုံးပြုရှောင်ကွင်းမလဲဆို တာကို ပြန်တင်ပြခိုင်းထားတယ်။ ဒီလမကုန်ခင်မှာ ယာဉ်လိုင်းတွေ ရှောင်ပြီး ပြေးဆွဲရမယ့်လမ်း ကြောင်းတွေကို ထုတ်ပြန်ကြေ ညာပေးမယ်လို့လည်း သိရတယ်’’ ဟု ကိုတရုတ်လေးက ပြောသည်။
ဘုန်းကြီးလမ်းသည် ကမ်းနားလမ်းထိပ်မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းထိပ်အထိဖြစ်ပြီး ယင်းလမ်း ပိုင်းအသုံးပြုသည့် ဘတ်စ်ကား လိုင်းခုနစ်ခုရှိသည်။
ဘုန်းကြီးလမ်းကိုပိတ်၍ စီမံ ကိန်းပြုလုပ်မည်ဆိုပါက အခြား မော်တော်ယာဉ်များလည်း ရှောင် ကွင်းအသုံးပြုရမည်ဖြစ်သော် လည်း သီးခြားအသိပေးညွှန်ကြား ထားခြင်းမရှိသေးကြောင်း လမ်းမ တော်မြို့နယ်နေ ကိုအောင်ခန့်က ပြောသည်။
ရန်ကုန်-ဒလမြစ်ကူးတံ တားစီမံကိန်းသည် ၂၀၂၂ နှစ် လယ်တွင် တည်ဆောက်မှုပြီးစီး မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားသည်။