The Yar Pyae Condominium စီမံကိန်းကို ၁၆၆ လမ်းနှင့် ၁၆၇ လမ်းကြား၊ အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေမြို့နယ်တွင် တည်ဆောက်လျှက် ရှိကြောင်းသိရသည်။
ယင်းစီမံကိန်း၏ မြေအကျယ်အဝန်းမှာ ၅၆၀၀၀ စတုရန်းပေခန့်ရှိပြီး ယခုအချိန်တွင် ၃ လွှာကိုဆောက်လုပ်နေပြီး ၂၀၁၇ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
ထိုစီမံကိန်းဆောက်လုပ်မည့် မြေကို YCDC မှပိုင်ဆိုင်ပြီး AKK Construction မှအဓိက တာဝန်ယူဆောက်လုပ်ပေးကြောင်းသိရသည်။
ယင်းစီမံကိန်းတွင် တာဝါ A နှင့် B ဟုအဆောက်အဦးနှစ်ခုပါဝင်ပြီး တစ်တိုက်တွင် အလွှာပေါင်း ၁၂ ထပ်ပါဝင်ကြောင်းသိရသည်။
အဆောက်အဦးတစ်ခုတွင် အခန်းပေါင်း ၉၀ စီပါဝင်ပြီး တာဝါ A ၏ ၁၀ လွှာမှ ၁၂လွှာအထိ နှင့်တာဝါ B ၏ လေးလွှာ မှ ၁၂ လွှာအထိ AKK Construction မှပိုင်ဆိုင်မည်ဟုသိရပြီး ကျန်အခန်းများကို YCDC မှပိုင်ဆိုင်ကြောင်းသိရသည်။
ယင်းစီမံကိန်းတာဝါတစ်ခုစီ၏ မြေညီထပ်တွင် ယခင်ရာပြည့်ဈေးမှ ဆိုင်ခန်းများကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ပြီး ၄ လွှာမှစ၍ လူနေအိမ်ယာများထားရှိမည်ဖြစ်သည်။
ယင်းကွန်ဒိုများ၏ basement ၁ ထပ် နှင့် သုံးလွှာတွင် ကားပါကင်ပါဝင်မည်ဖြစ်ပြီး သုံးလွှာတွင် အားကစားခန်းမ(CSR) လည်းပါဝင်မည်ဟုသိရသည်။
Penhouse တွင် ရေကူးကန် ၊အားကစားခန်းမ အစရှိသည့် facilities များလဲပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ယခုအချိန်တွင် အဆောက်အဦးများကို သုံးလွှာကိုဆောက်လုပ်နေပြီဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းတွင် တာဝါတစ်ခုစီအတွက် ဓာတ်လှေခါး နှစ်စင်းပါမည်ဖြစ်သည်။
အခန်းအကျယ်အဝန်းမှာ ၁၃၀၀ စတုရန်းပေမှ ၂၉၀၀ စတုရန်းပေထိကျယ်ဝန်းပြီး အခန်း pricing မှာ စတုရန်းတစ်ပေလျှင် ကျပ် နှစ်သိန်းမှနှစ်သိန်းနှစ်သောင်းထိ ရှိကြောင်းသိရသည်။
ငွေပေးချေမှုမှာ ၃၀ ရာခိုင်နှုန်းကိုအရင်ပေးသွင်းရမည်ဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကို နှစ်နှစ်ခွဲ အထိအရစ်ကျပေးချေရမည် ဖြစ်ကြောင်းသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from pamphlet, phone.