သီလဝါအထူးစီးပွားရေးဇုန်တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများကိုမြေငှားရမ်းမည်


02 November, 2020

သီလဝါအထူးစီးပွားရေးဇုန်တွင်ပြည်တွင်း၊ပြည်ပအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များမြေငှားရမ်းနိုင်

ရန်မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ဂျပန်နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းတို့သည် မေလ ၁၁ ရက်ကနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ကြောင်းသိရသည်။
အသေးစားနှင့်အလတ်စားစီးပွားရေးကုမ္ပဏီများကိုဆွဲဆောင်နိုင်ခြင်း၊လာရောက်ရင်းနှီးမြှုပ်နှံရန်အားပေးနိုင်ပါကမြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်တကယ့်အရေးပါကြောင်းမြန်မာဂျပန်သီလဝါဖွံ့ဖြိုးရေးကုမ္ပဏီအမ ှုဆောင်အရာရှိချုပ်ကပြောသည်။
SME လုပ်ငန်းများအတွက် သီလဝါအထူးစီးပွားရေးဇုန်ရှိ မြေနေရာစတုရန်းမီတာ ၅၀၀ မှ ၇၅၀ ကြားငှားရမ်းရန် စီစဉ်ထားပြီးသီလဝါအထူးစီးပွားရေးဇုန်တွင် SME လုပ်ငန်းများရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်မှုသည်စက်မှုဇုန်များနှင့် အခြားသောနေရာများတွင်လုပ်ကိုင်နေသည့်အသေးစား၊အလတ်စားလုပ်ငန်းများအတွက်ထိခိုက်မှုနည်းပါးနိုင် ကြောင်းသိရသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရဇုန်တွင်းထုတ်ကုန်လုပ်ငန်းလုပ်ကိုင်သူသည်ပြည်တွင်းသို့ ရောင်းချမည်ဆိုပါက အခွန်များစွာပေးရမည်ဟုပြဋ္ဌာန်းထား၍ပြည်တွင်းထုတ်ကုန်လုပ်ငန်းများထိခိုက်နိုင်ခြေနည်းပါးကြောင်း ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြေငှားရမ်းမှုကို ၂၀၁၈ နှစ် လယ်တွင် ပြီးစီးမည့်သီလဝါအထူးစီးပွားရေးဇုန်အပိုင်း(ခ)၌အကောင်အထည် ဖော်မည်ဖြစ်သည်။

လက်ရှိလုပ်ငန်း စတင်နေသည့် သီလဝါအထူးစီးပွားရေးဇုန်အပိုင်း(က)၏ မြေဧရိယာ ၉၅ ရာ ခိုင်နှုန်းသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားငှားရမ်းထားပြီးဖြစ်သည်။

ယင်းဇုန်တွင်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကန်ဒေါ်လာတစ်ဘီလီယံကျော်ရှိပြီးအသေးစား၊ အလတ်စားလုပ်ငန်းများနှင့် သီလဝါ အပိုင်း(ခ)ကိုအကောင်အထည်ဖော်နိုင်ပါကအလုပ်အကိုင်နေရာပေါင်း လေးသောင်းခန့်ဖန်တီးပေးနိုင်မည်ဟုဆိုသည်။

Source:imyanmarhouse

Infrastructure and Zones Read 48 times