သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်


17 November, 2020

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်လက်ရှိအချိန်အထိသီလဝါအထူးစီးပွားရေးဇုန်တွင်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းကိုးခုတွင် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာသန်း

၂၈ဝကျော်အထိမြှုပ်နှံထားပြီး ဂျပန်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီ ၁၉ရက်အထိ သီလဝါအထူးစီးပွားရေးဇုန်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုရှိပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၂၈ဝဒသမ ၂၉သန်းအထိဝင်ရောက်ထားကြောင်းသိရသည်။

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်ဇန်နဝါရီ ၁၉ရက်အထိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုတွင် ဂျပန်နိုင်ငံမှ လုပ်ငန်းသုံးခု၊စင်ကာပူနိုင်ငံမှ လုပ်ငန်းနှစ်ခု၊ထိုင်းနိုင်ငံမှ

လုပ်ငန်းနှစ်ခု၊ကိုရီးယားနိုင်ငံမှ လုပ်ငန်းတစ်ခုနှင့် နယ်သာလန်နိုင်ငံမှ လုပ်ငန်းတစ်ခုဖြင့် အသီးသီးဝင်ရောက်မြှုပ်နှံထားပြီး ယင်းတို့အနက် စက်မှုကဏ္ဍတွင်

လုပ်ငန်းရှစ်ခုအထိရှိနေပြီးကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုပါဝင်ကြောင်း သိရသည်။

မနှစ်က သီလဝါအထူးစီးပွားရေးဇုန်Zone B ၏ပထမအဆင့် ၁ဝ၁ ဟက်တာစီမံကိန်းတည်ဆောက်မှုစတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန် Zone B ၏ပထမအဆင့်၁ဝ၁ဟက်တာ(ဧက၂၅ဝ)အား ၂ဝ၁၈ခုနှစ်နှစ်လယ်ပိုင်းတွင် တည်ဆောက်မှုပြီးစီးရန် မျှော်မှန်းထားပြီး

အချို့သောမြေနေရာများကိုမူ ၂ဝ၁၇ခုနှစ်နှောင်းပိုင်းခန့်က ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငှားရမ်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံသူများအကြားစိတ်ဝင်စားမှုများပြားခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်၏အောင်မြင်မှုကြောင့် ယခုစီမံကိန်းအား ထပ်မံတိုးချဲ့တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းအကောင်အထည်ဖော်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ပြီးစီးပါက နိုင်ငံတကာမှ ကုမ္ပဏီ ၁၅ဝခန့်မှ

ဒေါ်လာ ၁ဒသမ ရဘီလျံအထိလာရောက်ရင်းနှီးမြှုပ်နှံရန်မျှော်လင့်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံပြီး စက်ရုံ၈၉ရုံခွင့်ပြုမိန့်ကျထားကာ စက်ရုံ၃၉ရုံလုပ်ငန်းများလည်ပတ်လျက်ရှိကြောင်းသိရသည်။

သီလဝါအထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံမှ ပြင်ပအခြေခံအဆောက်အအုံများ၊လျှပ်စစ်မီးရရှိရေး၊ရေရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးအတွက်

ODA (Oversea Development Assistant Loan)ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Region Infrastructure and Zones Read 104 times