အိမ်ခြံမြေအရပ်အလိုက် သိမှတ်ဖွယ်ရာများ


13 November, 2020

မိမိတို့အိမ်တွင် အပိုင်း(၉)ပိုင်းရှိပြီး ထိုအပိုင်း(၉)ပိုင်းသည် အိမ်တိုင်းအတွက် အရေးကြီးသည်ဟုမှတ်သားရသည်။

(၁)မြောက်ဘက်၊(၂)တောင်ဘက်၊(၃)အရှေ့တောင်ဘက်၊(၄)အရှေ့ဘက်၊(၅)အနောက်ဘက်၊(၆)အနောက်တောင်ဘက်၊(၇)အရှေ့မြောက်ဘက်၊(၈)အနောက်မြောက်ဘက်၊(၉)အလယ်ပိုင်း တို့ဖြစ်သည်။

ယင်းအပိုင်း(၉)ပိုင်းသည် သူ့အရပ် မျက်နှာနှင့်သူ အစွမ်းသတ္တိများရှိကြရန် မိမိတို့အိမ်တွင် ထိုအစွမ်းများကို ရရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

“မြောက်ဘက်’’

မြောက်ဘက်ခြမ်းသည်အလုပ်အကိုင်နှင့်သက်ဆိုင်ပြီး ရေဓာတ်လွှမ်းမိုးသောနေရာဖြစ်သောကြောင့်အလုပ် အကိုင်ကောင်းချင်လျှင် ထိုအရပ်တွင်

ရေဓာတ်နှင့်ဆိုင်သော ငါးမွေးခြင်း၊ငါးကန်ထားခြင်း၊ဒင်္ဂါပြားများထည့်ထား သော ရေဇလုံစသော ပစ္စည်းများထားလျှင်အလုပ်အကိုင်များအဆင်ပြေစေကြောင်း သိရသည်။

“တောင်ဘက်’’

တောင်ဘက်သည် ဂုဏ်သတင်းကျော်ကြားမှု၊ကံကောင်းမှုတို့နှင့် သက်ဆိုင်ပါသည်။၎င်းအရပ်သည် မီးဓာတ်လွှမ်းမိုးသောနေရာဖြစ်သောကြောင့်

နေလုံးနီနီထွက်ပြုလာသောဓာတ်ပုံ၊ငှက်အနီရောင် ပုံလေးများထားလျှင် ကံကောင်းမှုတို့ရောက်ရှိစေနိုင်ပါသည်။

“အရှေ့တောင်ဘက်”

အရှေ့တောင်ဘက်သည် ချမ်းသာကြွယ်ဝမှုကြီးစိုးသောနေရာဖြစ်သောကြောင့် ငွေကြေးများများဝင်ရန် အစိမ်းရောင်၊အဝါရောင်များများထားရှိပေးရပါမည်။

ခြေထောက်သုံးချောင်းရှိသော ဖားရုပ်အားထားလျှင်လည်း လာဘ်ကောင်းစေနိုင်ပါသည်။

“အရှေ့ဘက်”

အရှေ့ရပ်သည်မိသားစု၏ အရပ်မျက်နှာဖြစ်သည်။သစ်သားရုပ်တု၊သင်္ဘောပုံ၊ပင်လယ်ကမ်းခြေပုံ၊ရေတံခွန်ပုံများ ထားပေးလျှင်မိသားစုအေးချမ်းအဆင်ပြေစေနိုင်ပါသည်။

“အနောက်ဘက်”

 အနောက်အရပ်သည်ကလေးများထိန်းမရသိမ်းမရဆိုးနေလျှင် လေသာဆည်းလည်းများ၊ကြေးခေါင်းလောင်း များ၊အဖြူရောင်၊ငွေရောင်များများထားပေးလျှင် ထိန်းရလွယ်ကူစေနိုင်ပါသည်။

“အနောက်တောင်ဘက်”

ပလပ်စတစ်ပန်းအတုများမဟုတ်ပဲ ပန်းအစစ်များထားရပါမည်။ဟင်္သာမောင်နှံရုပ်၊စုံတွဲရုပ်များထားပေးလျှင် အဆင်ပြေစေနိုင်ပါသည်။

“အရှေ့မြောက်ဘက်”

အရှေ့မြောက်ဘက်သည် ပညာရေးနှင့်သက်ဆိုင်သော အရပ်ဒေသဖြစ်သောကြောင့် ဖန်ဇလုံတစ်ခုထဲတွင်ကျောက်ခဲလေးများထည့်ပြီး သစ်သားစားပွဲပေါ်တွင် တင်ထားပြီး ဆောင်းဦးပေါက်ရာသီပန်းချီကားလေးများချိတ်ဆွဲပါက ပညာရေးအတွက် ကောင်းမွန်စေနိုင်ပါသည်။

“အနောက်မြောက်ဘက်”

အနောက်မြောက်ဘက်သည် မိတ်ဆွေများ၊ဆရာသမားများအတွက်ဆက်စပ်သောအရပ်ဒေသဖြစ်သောကြောင့် သတ္တုဓာတ်ကြီးစိုးပါသည်။

အခန်းနံရံများကိုအဖြူရောင်သုတ်ပြီး ငွေထည်ပစ္စည်းများထားပေးပြီးသဘာဝလင်း ကျောက်၊ကြွေထည်ပစ္စည်းများထားပေးပါက မိတ်ဆွေကောင်းတိုးပွားစေနိုင်ပါသည်။

“အလယ်အရပ်”

အလယ်အရပ်သည် အိမ်တစ်အိမ်လုံး၏ပင်မနေရာဖြစ်သောကြောင့် ဓာတ်ကြီးလေးပါးလုံးကိုဟန်ချက်ညီအောင် ညှိပေးရပါမည်။

ထို့ကြောင့်မိမိအိမ်တွင်ရှိသော အရပ်ဒေသအလိုက်ကောင်းကျိုးများအားရှာဖွေနိုင်ရန် မှတ်သား၍တင်ပြလိုက်ရပါသည်။

Shweproperty

Tips Read 243 times