လယ်ယာမြေ အဝယ်မမှားစေရန် လေ့လာထားသင့်သည့်အချက်များ


16 November, 2020

ယခုနောက်ပိုင်း လယ်ယာမြေဥပဒေများအရ လယ်မြေများကို ဝယ်ယူတော့မည်ဆိုလျှင်ပုဒ်မ ရ(က)အရဖြစ်ဖြစ်၊၇(ခ) အရဖြစ်ဖြစ် ကြည့်၍ဝယ်ယူနိုင်ပါသည်။

ပုဒ်မရ(က)သည် ပုဂ္ဂလိက မှတ်ပုံတင်ထားသော လယ်မြေများကို လုပ်ကိုင်ခွင့်ရှိသူဖြစ်ပြိး ရ(ခ)သည် အဖွဲ့အစည်းများအနေနှင့် မှတ်ပုံတင်ထားသော လယ်ယာမြေများဖြစ်သည်ဟု သိရသည်။

ဝယ်ယူမည်ဆိုလျှင် ရ(က)နှင့်ဖြစ်စေ၊၇(ခ)နှင့်ဖြစ်စေ မှတ်ပုံတင်ကိုင်ဆောင်ထားသောသူများဆီမှ ဝယ်ယူခွင့်ရှိသည်ဖြစ်သည်ဟု သိရသည်။

လယ်ယာမြေများကို နိုင်ငံခြားသားပါသောအဖွဲ့အစည်းများကိုရောင်းဝယ်ချင်သည်ဆိုလျှင်နိုင်ငံခြားသားခွင့်ပြုချက်များမပါဘဲ အရောင်းအဝယ်လုပ်၍ရနိုင်မည်မဟုတ်။ပုဒ်မ ၁၄ကန့်သတ်ချက်များနှင့် လုပ်၍မရနိုင်ကြောင်း သိရသည်။

အရောင်းအဝယ်ပြုလုပ်ရာတွင် ဥပဒေနှင့် ညီညွှတ်သော လယ်ယာမြေများဟုတ်မဟုတ် ကိုပြန်ကြည့်ရန်လိုအပ်ပါသည်။

ရောင်းဝယ်မှုပြုလုပ်ရာတွင် လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုသည်ကို ပုံစံရ(က)၊၇(ခ)နှင့် လက်မှတ်ရထားလား မရဘူးလားဆိုသည်ကို သေချာကြည့်ရကြောင်း သိရသည်။

အဖွဲ့အစည်းမှာဆိုလျှင် သဘောတူညီချက်များအားလုံးရမှသာအရောင်းအဝယ်လုပ်၍ရနိုင်သည်။လယ်ယာမြေ၏အဓိကအရေးကြီးဆုံးသည် ပုံစံ(၇)ရပြီးပြီးလား

မရသေးဘူးလားဆိုတာပင်ဖြစ်သည်။ရောင်းဝယ်ခွင့်မရှိသော လယ်မြေများကို ဝယ်ယူမိသည်ဆိုလျှင်ပြဿနာဖြစ်လာနိုင်သည်။

ပုံစံ ရလျှောက်ထားသည့်အခါတွင် ကျမည် မကျဘူး ဆိုတာကို သက်ဆိုင်ရာလယ်ယာမြေကော်မတီတွင်စုံစမ်းရန်လိုအပ်ပါသည်။လယ်ယာမြေကော်မတီမှ

ပုံစံ(၇)အား ဘယ်အချက်များနှင့် လျှောက်ထားလဲ လျှောက်ထားခွင့်ရှိမရှိဆိုသည်ကိုမေးမြန်းရမည်။မချပေးထားတာကိုအရောင်းအဝယ်လုပ်လျှင် ပြဿနာများဖြစ်လာနိုင်သည်။

စည်းကမ်းအရလယ်မြေဝယ်လျှင်လယ်စိုက်ရမည်။ယာမြေဝယ်လျှင် ယာစိုက်ရမည်ဖြစ်သည်။

ထိုသို့မစိုက်ချင်လျှင်လယ်ယာမြေဥပဒေသစ်၏အပိုဒ်(၃ဝ)အရ မြေအမျိုးအစားပြောင်းခွင့်တင်ရန်လိုသည်။

လယ်မြေ၊လယ်ယာမြေ ဝယ်လျှင် မြို့နယ်မြေစာရင်းဦးစီးဌာနတွင် စာချုပ်ချုပ်ဆိုဝယ်ယူရမည်ဖြစ်သည်။

မိမိဝယ်ယူမည့် လယ်ယာမြေ၏ပုံစံ(၇)ကိုမြေစာရင်းဦးစီးဌာနတွင် မှန်/မမှန်ဦးစွာ စစ်ဆေးရမည်ဖြစ်သည်။မူရင်းပုံစံ (၇)အားမြင်တွေ့မှ သာ စရန်ငွေပေးချေပါ။ထို့နောက်ရပ်ကျေးဥက္ကဌနှင့် ညှိနှိုင်းပါ။

လယ်ယာမြေကွက်အတွက် ငွေအပြေပေးချေမည်ဆိုလျှင်

၁။အရောင်းအဝယ်ပြုလုပ်ရန်အတွက်သာ ဟု ထုတ်ယူထားသော ပုံစံ၁ဝ၅တောင်းပါ။

၂။ပုံစံ၁ဝ၅မှ ပိုင်ရှင်သည်ဝယ်ယူသူထံလွှဲပေးထားသော SP ရှိရမည်။

၃။ပုံစံ(၇)မူရင်းအားတောင်းယူပါ။

၄။လယ်ယာမြေအား လက်ရောက်ရယူပါ။မဟုတ်လျှင် လယ်ယာကွက်ထဲတွင် အစောင့်တဲဟုပြောသော ကျူးကျော်တဲများပါလာလျှင် ဖယ်ရအလွန်ခက်သည်။

ထိုသို့ စိစိစစ်စစ် ဝယ်ယူပြီးလျှင် တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ကြေးတို့ပေးဆောင်၍မြို့နယ်မြေစာရင်းတွင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။၎င်းစာချုပ်ချုပ်ဆိုပြီးမှ သာလယ်ယာမြေကွက်အား ဝယ်သူအမည်ပြောင်း၍ရကြောင်း သိရသည်။

Sorce:Social Media and Shwe Property

Tips Read 85 times