ကွန်ဒိုမီနီယံ လုပ်ငန်းလိုင်စင်များ ရန်ကုန်တွင် တတိယအကြိမ်မြောက် ထုတ်ပေး


10 December, 2020

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီက မတ်လ ၆ ရက်တွင် ကုမ္ပဏီ ၈ ခုအား ထပ်မံပြီး လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ကာ ကွန်ဒိုမီနီယံစီမံကိန်းများ လုပ်ဆောင်ခွင့်ပြုလိုက်ကြောင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန (DUHD) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုခွင့်ပြုချက်မှာ ဇန်နဝါရီလ ၉ ရက်နောက်ပိုင်းမှ စတင်ပြီး တတိယအကြိမ်မြောက် ထုတ်ပေးခြင်းဖြစ်ကာ အောက်ပါကုမ္ပဏီများအား ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

၁။ Yangon Golden Paragon Investment ကုမ္ပဏီ ( လက်ရှိအားဖြင့် သာကေတမြို့နယ်တွင် Emerald Bay Residence ကွန်ဒိုစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိ)

၂။ United GP Development ကုမ္ပဏီ (လက်ရှိအားဖြင့် ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်တွင် 68 Residence အမည်ရှိ လူနေနှင့် အသင့်နေအိမ်ရာစီမံကိန်း ဆောက်လုပ်လျက်ရှိ)

၃။ Aspidin Construction & Trading ကုမ္ပဏီ ( လက်ရှိအားဖြင့် ရွှေပြည်နန်းသနပ်ခါးကုမ္ပဏီနှင့် ရန်ကင်းစင်တာပိုင်ရှင်တို့ ပူးပေါင်းတည်ဆောက်နေသည့် ၉မိုင် မှ IVY ကွန်ဒိုမီနီယံ စီမံကိန်းကို အကောင်အထည်ဖော်နေသည်။ တည်နေရာမှာ အမှတ် ၁၂၀၊ ပြည်လမ်း၊ ၉မိုင် ၊ မရမ်းကုန်းမြို့ရှိ မြေဧက ဝ.၂၃ ဧက ပေါ်တွင် တည်ရှိသည်။ မြေနေရာကို ရွှေပြည်နန်းမှ ပိုင်ပြီး ရန်ကင်းစင်တာပိုင်ရှင် Aspidin Construction & Trading က တည်ဆောက်သူအနေဖြင့် အကျိုးတူပူးပေါင်းသည်ဟု သိရသည်။) ၂၂ ထပ်မြင့်မားသော လူနေကွန်ဒိုအမျိုးအစားဖြစ်ပြီး အခန်းအရေအတွက် ၉၄ ခန်းပါရှိသည်ဟု သိရသည်။ ယင်းအနက် ၄ခန်းမှာ penthouse အမျိုးအစားဖြစ်သည်။

၄။ SCW Development Group ကုမ္ပဏီ ( လက်ရှိအားဖြင့် ရန်ကင်းမြို့နယ်တွင် Skysuites ကွန်ဒိုမီနီယံစီမံကိန်းကို အကောင်အထည်ဖော်နေသည်။ အမှတ်(၂၃) ၊ ရန်ရှင်းလမ်း ၊ ရန်ကင်းမြို့နယ်တွင် တည်ရှိပြီး အထပ်ပေါင်း(၂၃)ထပ် + 2 Basement ပါရှိကာ တစ်လွှာလျှင်စတုရန်းပေ(၁၀၀၀)ကျော်မှ (၂၀၀၀)ကျော်ကျယ်ဝန်းသောအခန်းများ ပျမ်းမျှ(၆)ခန်းပါဝင်သည်ဟု သိရသည်။ အခန်းဈေးနှုန်းမှာ ၁စတုရန်းပေ=300 USD ပျမ်းမျှဖြစ်ပြီး အထပ်အမြင့်ပေါ်မူတည်၍ အခန်းဈေးနှုန်း အပြောင်းအလဲရှိနိင်ကြောင်း သိရသည်။ ငွေပေးချေမှုစနစ်မှာ ပထမဦးဆုံးစာချုပ်ချုပ်ဆိုချိန်တွင် ၃၀ ရာခိုင်နှုန်း ပေးချေရမည်ဖြစ်၍ ကျန်ငွေကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ ၅နှစ်အရစ်ကျ ပေးချေနိင်ကြောင်းသိရသည်။)

၅။ Htun Myat Aung ကုမ္ပဏီ (လှိုင်မြို့နယ်တွင် The Century ကွန်ဒိုစီမံကိန်းကို အကောင်အထည်ဖော်နေသည်။ အမှတ်(၁၈၆)၊ ရန်ကုန်-အင်းစိန်လမ်း၊ MICT Park အနီး၊ လှိုင်မြို့နယ်တွင် တည်ရှိပြီး မြေအကျယ်အဝန်း ၂ ဧကနီးပါးပေါ်တွင် အကောင်အထည်ဖော် နေခြင်းဖြစ်ကာ ၂ဝ၁၉ခုနှစ်၊ စက်တင်ဘာလတွင် အပြီးသတ်မည်ဟု ခန့်မှန်းထားသည်။)

၆။ Sustain ကုမ္ပဏီ ( မရမ်းကုန်းမြို့နယ်တွင် အောင်သိဒ္ဓိ ကွန်ဒိုမီနီယံ စီမံကိန်းကို အကောင်အထည်ဖော်နေသည်)


၇။ Moon Sun ကုမ္ပဏီ (MERCHANT SUITE ကွန်ဒိုစီမံကိန်းကို အမှတ် (၃၄၆)၊ ၄၉ လမ်းနှင့် ကုန်သည်လမ်းထောင့် ၊ ဗိုလ်တစ်ထောင် မြို့နယ်တွင် အကောင်အထည်ဖော်နေသည်။ )

၈။ A1 ဆောက်လုပ်ရေး ( အလုံမြို့နယ်တွင် Aspire Residence စီမံကိန်းနှင့် သန်လျင်မြို့နယ်တွင် တည်ရှိသော Yoma Land ၏ StarCity စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေသည်။)

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီသည် ကုမ္ပဏီပေါင်း ၁၉ ခုကို လုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ကွန်ဒိုမီနီယံ စီမံကိန်းများ အကောင်အထည်ဖော်ခွင့် ပြုခဲ့သည်။

 (၁/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သည့် ကုမ္ပဏီများမှာ..

၁။ ရွှေတောင်ဆောက်လုပ်ရေး

၂။ စေပိုင် ဆောက်လုပ်ရေး

၃။ တက်လမ်း

၄။ ဒဂုံ အင်တာနေရှင်နယ်

၅။ ရွှေဇမ္ဗူဒိပ်

၆။ Myanmar Imperial Vega
၇။ One One One

၈။ ရှိုင်းဆောက်လုပ်ရေး

၉။ Nation Light

၁၀။ Mandalay Golden Wings ဆောက်လုပ်ရေး

၁၁။ Living Square ဆောက်လုပ်ရေး

၁၂။ နေကမ္ဘာ မြန်မာ

YCMC ၏ (၂/၂၀၁၉) အစည်းအဝေးအရ လုပ်ငန်းလိုင်စင်ရရှိခဲ့သည့် ကုမ္ပဏီများမှာ..

၁။ ငပလီ အင်တာပရိုက်စ်

၂။ Capital Development ကုမ္ပဏီ

၃။ iGreen Development & Engineering Group

၄။ Myanmar Seilone Construction

၅။ KHG ဆောက်လုပ်ရေး

၆။ Modern Key Technique (MKT) ဆောက်လုပ်ရေး

၇။ နိုင်ဂရုပ် ဆောက်လုပ်ရေး တို့ ဖြစ်ကြသည်။

ကုမ္ပဏီ ၁၉ ခုအနက် အချို့မှာ ကွန်ဒိုခန်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် စတင်ဆောင်ရွက်နေကြပြီ ဖြစ်သည်။

သာဓကအားဖြင့် ရွှေဇမ္ဗူဒိပ်ဆောက်လုပ်ရေး က ပန်းစွယ်တော် ကွန်ဒို၊ Living Square ဆောက်လုပ်ရေး က Kabaraye Executive Residence၊ နေကမ္ဘာဆောက်လုပ်ရေး က မကြာသေးမီက အပြီးသတ်သွားသော Royal Maung Bamar Residence တို့ ဖြစ်ကြသည်။

ကွန်ဒိုစီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းခြင်းမှာ အသစ်ထွက်ရှိလာသော ကွန်ဒိုမီနီယံဥပဒေကို အကောင်အထည်ဖော်ရာတွင် အရေးပါသည့် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။ ကော်မတီ၏ တာဝန်မှာ developer များအား လိုင်စင်များ ထုတ်ပေးခြင်း၊ အကောင်အထည်ဖော်နေသည့် စီမံကိန်းများသည် ဥပဒေအရ သတ်မှတ်ထားချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ကွန်ဒိုမီနီယံ၏ မြေကို အများစုပေါင်း ပိုင်ဆိုင်ခွင့်ရှိ၊ မရှိ စစ်ဆေးခြင်းတို့ ဖြစ်ကြသည်။

Local Read 67 times