ြပည်တွင်းရှိလေဆိပ်သုံးခုကိုပုဂ္ဂလိကနှင့်ပူးပေါင်းပြီး ပထမဆုံးအကြိမ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊ လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့်စစ်ဆေးရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်းသိရသည်။
စိတ်ဝင်စားသော ကုမ္ပဏီများအား ခေါ်ယူခြင်းဖြစ်ကြောင်း၊လုပ်ကိုင်ခွင့် အတွက်တင်ဒါထပ်မံ ခေါ်ယူသွားမည်ဖြစ်ကြောင်း၊အဓိကမှာ လေဆိပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။
ပုဂ္ဂလိကနှင့် ပူးပေါင်းပြီးလေဆိပ်များအဆင့်မြှင့်ခြင်းမှာ ပထမဆုံးဖြစ်ပြီး ထိုလေဆိပ်များမှာ ဝင်ထွက်မှုများသောကြောင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ လေကြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းလေဆိပ်သုံးခုဖြစ်သည့်ဟဲဟိုးလေဆိပ်၊ကော့သောင်းလေဆိပ် နှင့်မော်လမြိုင်လေဆိပ်တို့ကိုအဆင့်မြှင့်တင်ခြင်း၊ငွေကြေးရင်းနှီးမြှုပ်နှံခြင်းနှင့်
လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများကို Public Private Partnership(PPP) စနစ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းလုပ်ငန်းအတွက် စိတ်ဝင်စားသည့်ပြည်တွင်းကုမ္ပဏီ များအနေဖြင့် ပြည်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး Consortium(အကျိုးတူပူးပေါင်းမည့် အဖွဲ့အစည်း)ဖွဲ့စည်းလျက်စိတ်ဝင်စားမှု
အဆိုပြုလွှာတင်ပြရမည်ဖြစ်ကြောင်းသိရသည်။
စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာပုံစံများကို မြန်မာ့စီးပွားရေးဘဏ်(အင်းစိန်ဘဏ်ခွဲ)တွင် ကျသင့်ငွေ ပေးသွင်းကာထုတ်ယူနိုင်မည်ဖြစ်ပြီး စက်တင်ဘာလ ပထမပတ်အတွင်း
အပြီးတင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိပြည်တွင်းတွင် အသုံးပြုနေသည့်ပြည်တွင်းလေဆိပ် ၃ဝကျော်ရှိပြီး လေဆိပ်များကို တဖြည်းဖြည်းချင်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်းသိရသည်။
Source:Pyi Myanmar