ယင်းapartment သည် အမှတ်(၃၃၅/က)သုမာလာ(၄)လမ်း၊(၂)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်တွင် တည်ရှိသည်။
သစ္စာလမ်းဆောက်လုပ်ရေးလုပ်ငန်းမှ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
မြေ ပေ၂ဝ×ပေ၆ဝပေါ်တွင် တည်ဆောက်ထားပြီး ၂ဝ၁၇နှစ်ဆန်းပိုင်းတွင် စတင်ဆောက်လုပ်၍ ၂ဝ၁၈ ဧပြီတွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အထပ်ပေါင်း ၆ထပ်ရှိပြီး တစ်လွှာတွင် တစ်ခန်းနှုန်းတည်ဆောက်ထားသည်။
အခန်းအကျယ်အဝန်းမှာ ၁၈ပေ×၅၄ပေ ကျယ်ဝန်းကြောင်း သိရသည်။
အခန်းတန်ဖိုးမှာ ပထမထပ် သိန်း၄၃ဝ,ဒုတိယထပ်သည် သိန်း၃၈ဝ,တတိယထပ်သည်သိန်း၃၃ဝ,ပဉ္စမထပ်သည်သိန်း၂၃ဝဖြစ်ကြောင်းသိရသည်။
အရစ်ကျနှစ်မျိုးရှိသည်။ပထမနည်းမှာ ၄ဝရာခိုင်နှုန်း Cash Down ပေးချေ၍ ကျန် ၆ဝရာခိုင်နှုန်းအား တစ်လ လျှင် ၅ရာခိုင်နှုန်းဖြင့် လစဉ်ပေးသွင်းရမည်ဖြစ်သည်။
ဒုတိယနည်းမှာ ဦးဆုံး ၄ဝရာခိုင်နှုန်းCash Down ပေးချေပြီး စလပ်လောင်းချိန်တွင် ၂ဝရာခိုင်နှုန်း၊အုပ်စီချိန်တွင် ၂ဝရာခိုင်နှုန်း ၊အချောကိုင်ချိန် ၁၅ရာခိုင်နှုန်းနှင့် သော့အပ်ချိန်တွင် ၅ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။