Times City


26 October, 2020

Times City စီမံကိန်းကတော့ ဟံသာဝတီ ကားပွဲစားတန်း ၁၀ဧက ကို ပြန်လည်တည်ဆောက်နေသည့် mixed-use စီမံကိန်းပဲဖြစ်ပါသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာသည် ၂၀၁၂ ခုနှစ်တွင် ထိုနေရာကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ပြီး တင်ဒါခေါ်ယူခဲ့ပါသည်။

 

တင်ဒါကို ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ သားရှောက်စ န်ပိုင် Crown Advanced Construction ကိုပေးခဲ့ပြီး ၅၂း၄၈ အချိုးအကျိုး တူစာချုပ် ဖြင့် လုပ်ဆောင်ရန် ပြုလုပ်ခဲ့ပါသည်။

 

Times City Project ကိုတရုတ် နိုင်ငံသားတစ်ဦး ကဗိသုကာ ပုံစံ ရေးဆွဲပြီးဆောက်လုပ်ရေးကိုဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ အင်ဂျင်နီယာပေါင်း ၂၀၀ကျော် ဆောက်လုပ် ရေးလုပ်သား ထောင်ကျော်ဖြင့်Crown Advanced Construction မှ ကိုယ်တိုင်တည်ဆောက်နေသည်ဟုသိရပါသည်။

 

ထိုစီမံကိန်းကိုကျပ် ၄၀၀ ဘီလီယံ အကုန်အကျ ခံ တည် ဆောက်မှာ ဖြစ်ပြီး ၂၀၁၇ တွင် အပြီး တည် ဆောက်မည်ဟု သိရှိရပါသည်။

 

မြေနေရာ ၁၀.၈ဧက ကျယ်ဝန်းသည့် ထိုစီမံကိန်းတွင် ကွန်ဒိုမိနီယံ တာဝါနှစ်လုံး၊ ရုံးခန်းတာဝါနှစ်လုံး၊ ကြယ်ငါးပွင့် တာဝါတစ်လုံး၊ ကျောက်မျက်ရတနာဈေးဝယ်စင်တာတစ်ခု၊ အဆင့်မြင့် ဈေးဝယ်စင်တာ တစ်ခု၊ ကားဟောင်း ဝယ်ရောင်း စင်တာတစ်ခုနှင့် ဆိုင်ခန်း ၃၇ လုံး ပါဝင်ပါသည်။

 

ထိုကွန်ဒိုမီနီယံနှစ်လုံးတွင် လူနေခန်းပေါင်း ၂၆၀ ပါရှိပြီး၊ ရုံးခန်း တာဝါနှစ်လုံးတွင်မူ ရုံးခန်းပေါင်း ၄၀၀ ကျော် ပါရှိပါသည်။

 

ကြယ်ငါးပွင့်ဟိုတယ်၌ အခန်း ၅၀၀ ပါရှိမည်ဖြစ်ပြီး နိုင်ငံတကာနာမည်ကြီး Hilton ၏ ပထမဆုံးသောရန်ကုန်မြို့ရှိ Hilton ဟိုတယ်ဖြစ်လာမည်ဟုလည်းသတင်းထွက်ရှိနေပါသည်။

 

ကျောက်မျက်ရတနာစင်တာတွင် အခန်း ၈၅၀ ပါရှိပြီးအထပ် (၁) လွှာမှ (၃) လွှာအထိကျောက်စိမ်း၊ ပတ္တမြား၊ နီလာ စသည့် ကျောက်မျက်ရတနာအမျိုးမျိုး၊ အထပ် (၄) လွှာတွင် ရွှေဆိုင်များနှင့် အထပ် (၅) လွှာတွင် ယဉ်ကျေးမှု ပန်းပုဆိုင်စသည့် ဆိုင်ခန်းများကို ပါဝင်ထည့်သွင်းသွားမည်ဟုလည်းသိရှိရပါသည်

 

အမျိုးအစား အရေအတွက် အမြင့် အခန်းအရေအတွက်
ကွန်ဒို ၂ လုံး ၂၇ ထပ် ၂၆၀
ရုံးခန်း ၂ လုံး  ၂၃ ထပ် ၄၀၀ ကျော်
ဟိုတယ် ၁ လုံး   ၂၆ ထပ် ၅၀၀
ဆိုင်ခန်း   ၃၇ လုံး ၅ ထပ် -
ကျောက်မျက် ဈေးဝယ်စင်တာ   ၁ လုံး ၅ ထပ် ၈၅၀
ကားဟောင်းရောင်းဝယ် ၁ လုံး ၂၇ထပ် -
ဈေးဝယ်စင်တာ ၁ လုံး ၅ ထပ် -

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီသည်လည်း Times City အား နေရာ ပိုင်းကာ မြန်မာနိုင်ငံ သားရင်း နှီးမြှုပ်နှံမှု အဖြစ်လည်းကောင်း၊ နိုင်ငံ ခြားဖက်စ ပ်မြှုပ်နံှမှုအဖြစ်လည်းကောင်း ဇန်နဝါရီ ၂၀၁၆ ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် ၈.၉ ဧကဟု သတ်မှတ်ထား ပြီးထိုအပိုင်းပေါ်တွင် ဆောက်သည့် အဆောက်အဦး များအား ကော်မရှင်ကရောင်းချခွင့်ပေးထားပါသည်။

သို့သော်လည်း နိုင်ငံ ခြားဖက်စပ်ဟု သတ်မှတ်ထားသည့် ၁.၉ ဧကနေရာတွင် ဆောက်လုပ်သည့် အဆောက်အအုံများအတွက် ငှားရမ်းခွင့်သာပေးထားပါသည်။

ထိုစီမံကိန်းလုပ်သူက မြန်မာနိုင်ငံ၏ အကြီးဆုံးသောဓာတ်လှေကားနှင့် စက်လှေကားစာချုပ်ကို Jardine Schindler ကုမ္ပဏီသို့ ဇူလိုင် ၂၀၁၅ တွင် ပေးဆပ်ခဲ့ပြီး Jardine Schindler က Time City Project အတွက် ဓာတ်လှေကား ၇၉စင်း နှင့် စက်လှေကား ၂၁ စင်းတပ်ဆင် ပေးမည် ဖြစ်ပါသည်။

Company အမျိုးအစား အရေအတွက်
Jardine Schindler ဓာတ်လှေကား၊စက်လှေကား

၄၁ x Schindler 3300 AP ဓာတ်လှေကား

၃၈ x Schindler 5500 ဓာတ်လှေကား

၂၄ x Schindler 9300 AEစက်လှေကား

 

Mixed Use and Urban Read 216 times