ရေဆိုးသန့်စင်စက်ရုံ(မိလ္လာ) စက်ရုံသစ်ဆောက်ရန် တင်ဒါခေါ်


27 October, 2020

ရန်ကုန်မြို့၏ ရေဆိုးသန့်စင်စက်(မိလ္လာ) အတွက် စက်ရုံသစ်နှစ်ရုံ ထပ်မံတည်ဆောက်ရန် ၂၀၁၇ ခုနှစ်နှစ်ဆန်ုးပိုင်းတွင် တင်ဒါခေါ်ယူမည်ဟုသိရသည်။

ယခုလက်ရှိတွင် ရေဆိုးသန့်စင်စက်ရုံ (မိလ္လာ) သည် ရန်ကုန်တွင် သန်လျက်စွန်းတစ်ခုတည်းသာ ရှိသောကြောင့် တိုးပွားလာသည့် လူဦးရေနှင့်လိုအပ်ချက်အတွက် တင်ဒါခေါ်ယူရန် ပြင်ဆင်နေသည် ဟုသိရသည်။

ထိုစက်ရုံများတည်ဆောက်နိုင်ရန် အချို့သောနေရာများတွင် ဆောက်လုပ်ရန်သင့်တော်မတော် လေ့လာနေသေးကြောင်းသိရသည်။

တင်ဒါခေါ်ယူပါက နိုင်ငံတကာ တင်ဒါစည်းမျဉ်း စည်းကမ်းများအတိုင်း ခေါ်ယူမည်ဖြစ်ပြီး နည်းပညာ အဆင့်အတန်းမြင့်မားသည့် နိုင်ငံခြားကုမ္ပဏီများအား  ရွေးချယ်နိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။

အထူးသဖြင့် ရန်ကုန်မြို့လယ်မှ ပိုက်စနစ်ဖြင့် ပေးပို့နေသည့် မိလ္လာစနစ်ကို ပြုပြင်ပြောင်းလဲရန်နှင့် အခြားမြို့နယ်များအတွက် မိလ္လာများစွန့်ပစ်နိုင်ရေးအတွက် စက်ရုံသစ်နှစ်ရုံကို တည်ဆောက်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။

ထိုစက်ရုံသစ်နှစ်ရုံကို တည်ဆောက်ရန် ၂၀၁၇ ခုနှစ်တွင် တင်ဒါခေါ်ယူမည် ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ရန်ကုန်၌ခရိုင်တစ်ခုချင်းစီတွင် ရေဆိုးသန့်စင်စက်ရုံတစ်ရုံထားရှိနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကရည်ရွယ်ထားသည် ဟုသိရသည်။

ရန်ကုန်မြို့၏ မိလ္လာစနစ်သည် သက်တမ်းတစ်ရာကျော်ပြီဖြစ်၍ ဖရေဇာပလန်ပိုက်လိုင်းမိလ္လာစနစ်ကို ရန်ကုန်မြို့တွင်းခြောက်မြို့နယ်တွင် ယနေ့အထိအသုံးပြုနေသေးကြောင်းသိရသည်။

ယခုအခါတွင် ကျန် ၃၃ မြို့နယ်တွင် မော်တော်ယာဉ်ဖြင့် မိလ္လာကန်ပြည့် လျှင်စုပ်ထုတ်သည့်စနစ်ကို ကျင့်သုံးလျှက်ရှိသည်ဟု သိရသည်။

လူဦးရေငါးသန်းကျော်ရှိသော ရန်ကုန်တစ်မြို့လုံးမှ နေ့စဉ်ဂါလန်တစ်သိန်းခွဲမှ နှစ်သိန်းကျော်ထွက်ရှိသည့် မိလ္လာရေးများကို ၂၀၀၃ ခုနှစ်မှစတင်လည်ပတ်ခဲ့သည့် သန်လျက်စွန်းရေဆိုးသန့်စင်စက်ရုံသို့ပေးပို့သန့်စင်ပြီး ရန်ကုန်မြစ်သို့ စွန့်ထုတ်လျှက်ရှိကြောင်းသိရသည်။

Sourse:7 Day daily

Factory and Industrial Plant Read 215 times