အိမ်ရာချေးငွေ လျှောက်ထားချင်သူများအတွက် သိကောင်းစရာ


01 March, 2020

အိမ်ရာချေးငွေ လျှောက်ထားချင်သူများအတွက် သိကောင်းစရာ 

ဘာကြောင့်လျှောက်ထားသင့်လဲ . . . ? ? ?

အဆင်ပြေသည့် Down Payment 30% ရရှိနိုင်ခြင်း။

သက်သာသည့် အတိုးနှုန်း 10% ရရှိနိုင်ခြင်း။

ကာလရှည် အများဆုံး 15 နှစ် အထိ ချေးငွေရရှိနိုင်ခြင်း။

မိမိကြိုက်နှစ်သက်သည့် တိုက်ခန်း၊ ကွန်ဒို၊ အိမ်နှင့်မြေကို လစဥ်အရစ်ကျ ဝယ်ယူရရှိနိုင်ခြင်း။

ပုံမှန်ဝင်ငွေရှိရုံနဲ့ မိမိစိတ်ကြိုက်နှစ်သက်ရာ တိုက်ခန်းနှင့်အိမ်ရာတို့ကို အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်လို့ လျှောက်ထားသင့်ပါတယ်။

 

ဘယ်သူတွေလျှောက်ထားနိုင်လဲ . . . ? ? ?

အနည်းဆုံး အသက်၂၀ နှင့် ၅၀ နှစ်ကြားရှိ ပုံမှန်ဝင်ငွေရှိသူ (မြန်မာနိုင်ငံသားများသာ)ဝင်ငွေလုံလောက်မှုမရှိပါက မိသားစုဝင်တစ်ဦးနဲ့အတူ ပူးတွဲလျှောက်ထားနိုင်ပါတယ်။

 

လျှောက်ထားဖို့ ဘာတွေ လိုအပ်မလဲ . . . ? ? ?

မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ။

ဝန်ထမ်းဖြစ်ပါက ဝင်ငွေအထောက်အထားဆိုင်ရာ စာရွက်စာတမ်းများ။ (HR Department ထောက်ခံစာ၊ လစာပြေစာ (၃)လစာ၊ (၆)လအတွင်း ဘဏ်စာရင်းရှင်းတမ်း။

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပါက ကုမ္ပဏီ၊ လုပ်ငန်းနှင့်ပတ်သက်တဲ့ မှတ်ပုံတင်စာရွက်စာတမ်းများ၊ အမြတ်ခွန်ပြေစာများ၊ အရှုံးအမြတ်စာရင်း။

အဆောက်အဦဆိုင်ရာ စာရွက်စာတမ်းများ။


ဘယ်လိုလျှောက်ထားရမလဲ . . . ? ? ?

နီးစပ်ရာ ဘဏ်သို့ လူကိုယ်တိုင်သွားရောက် ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သောစာရွက်စာတမ်းများနှင့်တကွ ချေးငွေလျှောက်လွှာအားဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။

 
Tips Read 83 times