လိုင်စင်မြေ
အစိုးရမှ စီမံချထားနိုင်သော မြေ (land of the disposal Government)များကို အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၁၆(ခ)အရ အခွန်တော်အရာရှိမှ ခေတ္တယာယီသဘောလိုင်စင်ထုတ်ပေးနိုင်ခွင့်ရှိသည်။
မြေငှားဂရန်တွင် ပစ္စည်းလွှဲပြောင်းပေးပိုင်ခွင့်သဘောပါရှိပြီး လိုင်စင်တွင်မူ ပစ္စည်းလွှဲပြောင်းပေးပိုင်ခွင့် မရှိဘဲ ခေတ္တအသုံးပြုခွင့် သက်သက်မျှသာပေးထားခြင်းဖြစ်သည်။
လိုင်စင်ထုတ်ပေးထားသော မြေကို နှစ်တို၊နှစ်ရှည် ဂရန်ရရှိရန် လျှောက်ထားသည့်အခါ ၎င်းအား လိုင်စင်ရပြီးဖြစ်၍ မြေငှားစာချုပ် ထုတ်ပေးမည်ဟုဥပဒေပြဌာန်းချက်မရှိကြောင်း၊ဥပဒေမှ ပေးထားသော အခွင့်အရေးမျှကိုသာ လိုင်စင်သမားမှ ရရှိနိုင်ပြီး လိုင်စင်ပါ အခွင့်အရေးထက် ပို၍တောင်းပိုင်ခွင့်မရှိကြောင်းသိရသည်။
ပါမစ်မြေ
ပါမစ်မြေ သည် ဂရန်(သို့မဟုတ်)လိုင်စင်မလျှောက်ထားမချင်း ကျူးကျော်ပင်။မြေကွက်မှာ သတ်မှတ်ကာလအတွင်း အိမ်မဆောက်လျှင် အလိုအလျောက်(Automatic)ပြန်အသိမ်းခံရသည့်မြေအမျိုးအစားဖြစ်သည်။
အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသော Disposal Land ကို အသုံးပြုနိုင်မည့်အခွင့်အရေး Right in Land သည်အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ-၄(၇)၊ပုဒ်မ-၇(က)နှင့် ပုဒ်မ-၁၆(က)၊(ခ)တို့အရ Grant,Lease,License ဟူ၍ (၃)မျိုးဖြင့်သာ သုံးစွဲခွင့်ရရှိနိုင်ကြောင်း သိရသည်။
ပါမစ်ဆိုသည်မှာ မြေနေရာချထားပေးသည့်အမိန့်သာဖြစ်ပြီး တရားဝင်မြေအသုံးပြုခွင့်အမိန့်၊မြေပိုင်ဆိုင်ခွင့်အမိန့်မဟုတ်။မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့်၊နေထိုင်ခွင့်နှင့်ပတ်သက်ပြီး
၁၈၉၈ခုနှစ်အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေအခန်း-၂၊ပုဒ်မ-၇၊ပုဒ်မ-၈နှင့် ပုဒ်မ-၁၆တို့အရ သတ်မှတ်ထားရာတွင် ပါမစ်ဖော်ပြထားခြင်းမတွေ့ရကြောင်း သိရသည်။
အစိုးရမြေကို အသုံးပြုနိုင်ရန် သတ်မှတ်ကာလတစ်ခုအတွက် မြေငှားရမ်းသုံးစွဲခွင့် ရရှိရန် ဂရန်စာချုပ်ချုပ်ဆိုငှားရမ်းရပြီး အစိုးရကိုယ်စားမြေနှင့် ကျေးရွာမြေများ အက်ဥပဒေပါအမိန့်ကြော်ငြာစာများအရ
ခန့်အပ်တာဝန်ပေးထားသော အခွန်တော်အရာရှိနှင့် မြေ အသုံးပြုမည့် ကာယကံရှင်အကြား လက်မှတ်ရေးထိုးချုပ်ဆိုထားသော မြေငှားရမ်းသုံးစွဲခွင့် ဂရန်စာချုပ်၊အငှားစာချုပ်လိုအပ်ကြောင်း သိရသည်။
ပါမစ်မြေသည် ဂရန်အဆင့် မဟုတ်၊ပါမစ်ရသူသည်မြေကွက်တွင် နေထိုင်သည်ဟုချထားခံရသူဖြစ်ပြီး၊အစိုးရမြေကို တရားဝင်သုံးစွဲခွင့်မရရှိသေးဟုဆိုသည်။
လိုင်စင်မှ မြေကို ခေတ္တအသုံးပြုခွင့် ၃နှစ်ပါရှိသေးသည်မို့ပါမစ်သည်လိုင်စင်လောက် အာနိသင်မရှိကြောင်း၊ပါမစ်နှင့်မြေချထားရာတွင် သတ်မှတ်ကာလအတွင်း ချထားမြေကွက်ကို အဆောက်အဦ မဆောက်လျှင် မြေချထားမှုကို ပြန်ဖျက်သိမ်းနိုင်ကြောင်းသိရသည်။
ပါမစ်နှင့် ချထားမြေကွက်များကို အမွေဆက်ခံခွင့် လွှဲပြောင်းပိုင်ခွင့်မရှိ၊ပါမစ်မြေကို ရောင်းဝယ်လွှဲပြောင်းရာတွင် တရားဝင်စာချုပ်စာတမ်းတောင်လုပ်ခွင့် မပေးကြောင်း သိရသည်။
Source:Shwe Property