တောင်သမန်(ဦးပိန်)တံတားကြီးကို နည်းလမ်းနှစ်သွယ်ဖြင့်ပြုပြင်ထိန်းသိမ်းရန်


27 October, 2020

ကမ္ဘာကျော် တောင်သမန်(ဦးပိန်) တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များမပျောက်မပျက်စေရန် နည်းလမ်းနှစ်သွယ်ဖြင့် ပြုပြင်ရန် မြန်မာဗိသုကာပညာရှင်များက အကြံပြုထားကြောင်းသိရသည်။

အကြံပြုချက်များအနက်မှ နည်းလမ်း(၁) မှာ တံတားကြီးအားလက်ရှိ အများပြည်သူများ အသုံးပြုနေမှုကို ကန့်သတ်ပြီး သီးသန့်ထားရှိထိန်သိမ်းရန်ဖြစ်သည်ဟု သိရသည်။

နည်းလမ်း(၂) မှာ လက်ရှိအများပြည်သူအသုံးပြုမှု ဆက်လက်ထားရှိ၍ ပြုပြင်ထိန်းသိမ်းရန် တို့ဖြစ်သည်။

တံတားကြီးပြန်လည် ပြုပြင်ရန်အတွက် ဗိသုကာပညာရှင်များ၏ အကြံပြုချက်များရရှိထားသည့် အပြင် သစ်သားထိန်းသိမ်းမှု ကျွမ်းကျင်သော ပညာရှင်များကိုလည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။

အကြံပြုချက်နည်းလမ်း(၁)အတိုင်း ဆောင်ရွက်မည်ဆိုပါက တံတားပေါ်တက်ရောက်ဖြတ်သန်းခွင့် ကန့်သတ်ရန်ဖြစ်ပြီး နိုင်ငံခြားသားနှင့် ပြည်တွင်းခရီးသွားများအား ဝင်ကြေးသတ်မှတ်ကောက်ခံခွင့်ပြုနိုင်သဖြင့် တံတားထိန်းသိမ်းရန် ဝင်ငွေရရှိသကဲ့သို့ တံတားပေါ်လူအများ ဝန်ပိပျက်စီးခြင်းမှလည်းရှောင်လွှဲနိုင်မည် ဖြစ်သည်။

သို့သော်လက်ရှိ အသုံးပြုနေသော ဒေသခံပြည်သူများအခက်အခဲဖြစ်ပေါ်စေနိုင်သဖြင့် ကောင်းမွန်လုံခြုံသော ကန်ပတ်လမ်းဖောက်လုပ်ပေးခြင်းနည်းလမ်းကိုလည်း စဉ်းစားအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း အကြံပြုထားသည်ကို တွေ့ရသည်။

ထို့ပြင် နည်းလမ်း(၂) အတိုင်း ပြုပြင်မည်ဆိုပါက သာမန်အချိန်တွင် တံတားကြံ့ခိုင်မှုအား ထိန်းသိမ်းထားနိုင်သော်လည်း အခါကြီးအရက်ကြီးများတွင် ထိန်းချုပ်ရန်ခက်ခဲနိုင်သဖြင့် လူအများထိခိုက်နိုင်သော တံတားပျက်စီးမှုနှင့် ကြုံတွေ့နိုင်ကြောင်းသိရသည်။

ထို့ကြောင့် တံတားကြံ့ခိုင်မှုကို အဓိကအသားပေးထိန်းသိမ်းရန်လိုအပ်သောကြောင့် ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်နိုင်သော နည်းပညာအသုံးပြုမှုများ ရှိလာနိုင်သောကြောင့် တံတားတစ်ခုလုံးမှ အစိတ်အပိုင်းတစ်ခုကို အသုံးပြုမှုများ ရှိလာနိုင်သဖြင့် တံတားတစ်ခုလုံးမှ အစိတ်အပိုင်းတစ်ခုကို ရှေ့ဟောင်းလက်ရာအတိုင်း ရရှိစေရန်ပြုလုပ်ထားရန် လိုအပ်ကြောင်းသိရသည်။

Source:kyeemon

Infrastructure and Zones Read 57 times