အိမ်တွင်း လေထု ညစ်ညမ်းခြင်း မဖြစ်ရလေအောင်


23 November, 2020

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် လူဦးရေ လေးသန်းခန့် နှစ်စဉ်အသက်ဆုံးရှုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အစားအသောက်ချက်ပြုတ်ရာတွင် အသုံးပြုသည့် မီးသွေး၊ ထင်း၊ နွားချေး၊ ကျောက်မီးသွေး၊ ဇီဝလောင်စာ စသည်တို့မှထွက်သည့် မီးခိုးငွေ့များက အိမ်တွင်းလေထုညစ်ညမ်းခြင်းကို

ဖြစ်ပေါ်စေပြီး အမျိုးသမီးများနှင့် ကလေးငယ်များ၏ ကျန်းမာရေးကိုအဓိက ခြိမ်းခြောက်နေသည့်   ပြဿနာ တစ်ရပ်  ဖြစ်လာနေသည်။

မီးဖိုချောင်ရဲ့ မီးခိုးငွေ့ကို အသံတိတ်လူသတ်သမားအဖြစ် ကျန်းမာရေးစစ်တမ်းတွေက ပြောလာသည်ဟု အထွေထွေရောဂါကု ဆရာဝန်   မှ ဆိုသည်။

 

လူဦးရေ ထူထပ်လာသည့် ရန်ကုန်မြို့တွင် အထပ်မြင့်တိုက်များဖြင့် နေရာထိုင်ခင်းအတွက် ဖြေရှင်းနေသော်လည်း တိုက်ခန်းအများစုသည် ကျဉ်းမြောင်းကာ လေဝင်လေထွက်မကောင်းပေ။

လေဝင်လေထွက် မကောင်းသည့် တိုက်ခန်းထဲတွင် မီးဖိုချောင်မှထွက်သည့် မီးခိုးနံ့၊ ညှော်နံ့၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေနှင့် အမွှေးတိုင်ထွန်းရာမှ ထွက်လာသည့်အနံ့များကို

နေ့စဉ်ရှူရှိုက် နေရသော်လည်း ၎င်းတို့သည် ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်မည်ကို သတိမမူမိကြချေ။ အိမ်တွင်း လေထုညစ်ညမ်းမှု ဖြစ်စေသော

ယင်းအဆိပ်ငွေ့များသည် တဖြည်းဖြည်းချင်း အသက်ရှူလမ်းကြောင်း အတွင်းသို့ ဝင်ရောက်သွားသည်။

မြို့ပြ တိုက်ခန်းတွေကကျဉ်းလာသည်။လေဝင်လေထွက် ပြတင်းပေါက်မရှိဘူး။ အရင်ခေတ်က ဆောက်ချင်သလိုဆောက်ပြီး ဥပဒေမဲ့၊ စည်းမဲ့ကမ်းမဲ့လုပ်ခဲ့တာကြောင့်

တချို့တိုက်တွေဆိုပြတင်းပေါက်တောင် မပါတော့ဘူး။ လူတွေကလည်း ကိုယ့်အိုးကိုယ့်ဆန်နဲ့ အဆင်ပြေအောင်နေရတော့ ဒါကို မတွက်မိလိုက်ဘူး။ ကြာလာတဲ့အခါ အိမ်တွင်းမှာရောပတ်ဝန်းကျင်မှာပါ

လေထုညစ်ညမ်းမှုဒဏ်ခံစားလာရပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေ ဆက်စပ်ဖြစ်ပေါ်လာတာ တွေ့ရသည် သိရသည်။

အလုံပိတ်တိုက်ခန်းများတွင် လေအေးစက်များ အသုံးပြုပြီးနေထိုင်ပါက အပြင်လေနှင့်အတွင်း လေမျှတမှုမရှိခြင်း၊ အိမ်တွင်းသန့်ရှင်းမှုအားနည်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အိမ်ထောင်ပရိဘောဂများ သန့်ရှင်းမှုညံ့ဖျင်းခြင်းများက ရောဂါများကို လက်ယပ်ခေါ်နေသကဲ့သို့ ဖြစ်နေသည။

သန့်ရှင်းတဲ့လေကို ပြည့်ပြည့်ဝဝ မရှူရသည့်အတွက် အဆောက်အအုံအတွင်းမှာရှိသော လေနှင့် အဆောက်အအုံ ပြင်ပမှာရှိတဲ့လေကို သင့်တင့်မျှတအောင် အလဲအလှယ် လုပ်ခွင့်မရဘူး။

အလုံပိတ်အိမ်မှာ လေအေးစက်နဲ့ Exhaust Fun ကိုအားကိုးပြီး နေရသူတွေမှာ အသက်ရှူလမ်းဆိုင်ရာ ရောဂါတွေ၊ အဆုတ်အအေးမိတာ၊ အဆုတ်ရောင်ရောဂါတွေ ဖြစ်လာကြတယ်။ အခုဆို ပိုတွေ့လာရသည်။

ဆေးလိပ်သောက်သူတွေမှာ အဲဒီရောဂါ ဝင်သွားရင် နှလုံးခုန်နှုန်းမမှန်တာ၊ မြန်တာစတဲ့ နောက်ဆက်တွဲဆိုးကျိုးရသွားတဲ့ Case တွေလည်း တွေ့နေသည် ဟု လုပ်ငန်းခွင်ကျန်း မာရေးဌာန (အငြိမ်းစား) ညွှန်ကြားရေးမှူး မှ ပြောသည်။

 

ထို့အပြင် အဆောက်အအုံအဟောင်းများ၌ လေဝင်လေထွက် သန့်ရှင်းမှုမရှိသောကြောင့် ပရိဘောဂများ မှိုစွဲခြင်း၊ အိပ်ရာခင်း၊   ခေါင်းအုံးစွပ်၊   ခြင်ထောင်များတွင် ဖုန်မှုန့်နှင့်ပိုးမွှားများ ကပ်ငြိပြီ

ဓာတ်မတည့်ဖြစ်ခြင်း၊ အင်ပြင်ထွက်ခြင်း၊ ပန်းနာရင်ကျပ် ရောဂါအခံရှိသူများတွင် ပို၍    ရောဂါဆိုးခြင်းများ ဖြစ်လာစေနိုင်ပါသည်။

 အိမ်တွင်း လေထုညစ်ညမ်းခြင်းဒဏ် ခံစားနေရသည့် ရန်ကုန်နေ ပြည်သူများသည် ယာဉ်ကြောကျပ်တည်းမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့ များ၊ စက်မှုဇုန်များမှ ထွက်လာသည်

အမှုန်အမွှားများ၊ လမ်းဘေးဈေးသည်များမှ ရောင်းချနေသည့် အကင်မျိုးစုံမှ အနံ့များ၊ မီးစက်များမှ ထွက်သည့် အခိုးအငွေ့များကြောင့် ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည်။

အခုဆိုရင် လေထုညစ်ညမ်းတာက ဆိုးလာသည်။ကားတွေက ပိတ်တော့ Heat တွေတက်လာပြီး ကာဗွန်အငွေ့တွေ ထွက်လာသည်။နောက်လမ်းဘေးဈေးသည်ရဲ့အကင်ကေ

ထွက်တဲ့မီးခိုးတွေကလည်း ဆိုးတယ်။ ပတ်ဝန်းကျင်ကို တော်တော်ထိခိုက်တယ်။ ဒါတွေက အဆိပ်ငွေ့တွေပဲ။ ကြာလာရင် ကျန်းမာရေးပြဿနာတွေ ဖြစ်လာကြမည်။ နည်းလမ်းရှာဖို့လိုကြောင်း သိရသည်။

ရန်ကုန်မြို့လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းနှင့် ဆာလဖာဒိုင်အောက်ဆိုက်ကဲ့သို့သော ဓာတ်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ စံနှုန်းသတ်မှတ်ချက်ထက်

ပိုများနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ လေထုအရည်အသွေးတိုင်းတာရေးရလဒ်များက ဖော်ပြနေသည်။

ရန်ကုန်မြို့၏ လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးရင်းတစ်ဖက်၌လည်း ကျန်းမာရေးနှင့် ဆက်စပ်သည့် အခြေအနေများကို လေ့လာရာတွင် ကလေးများ

ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနှုန်းများလာသည်ကို တွေ့ရသည်ဟု လုပ်ငန်းခွင်ကျန်းမာရေးဌာန   ညွှန်ကြားရေးမှူး    မှ ပြောသည်။

ကလေးများတွင် ကားတွေကထွက်တဲ့ အိတ်ဇောဓာတ်ငွေ့ကို တိုက်ရိုက်ရှူရှိုက်မိတာကြောင့် အရပ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်။ အဆုတ်ဖွံ့ဖြိုးမှုနှုန်းကလည်

လူကြီးတွေထက်စာရင် ပိုခံနိုင်ရည်မရှိ ဖြစ်နေတယ်။ အဆုတ်ကလည်း ဖွံ့ဖြိုးနေတဲ့အချိန်တွေမှာ ထိခိုက်မိသလို ဖြစ်တယ်။ အဆုတ်ရဲ့လုပ်ငန်းဆောင်တာ ကျနေတယ်လို့ ပြော၍ရသည်။

လေထု ညစ်ညမ်းမှုနှင့် ကလေးများ၏ ကျန်းမာရေးအခြေအနေ ဆက်စပ်ခြင်းရှိ၊ မရှိကို ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်ပင်) နှင့် ရန်ကင်းကလေးဆေးရုံကြီးမှရရှိလာော

ဒေတာများကို ဆန်းစစ်ရာ ၂၀၁၃ မှ ၂၀၁၅ အတွင်း နမိုးနီးယားရောဂါနှင့် ပန်းနာရင် ကျပ်ရောဂါများ ဖြစ်ပွားနှုန်း ပိုမြင့်လာသည်ကို တွေ့ရခြင်းဖြစ်သည်။

အသက် (၅) နှစ်အောက် ကလေးများတွင် နမိုးနီးယားရောဂါကြောင့် သေဆုံးမှုသည် ၅၀ ရာခိုင်နှုန်းကျော်ရှိပြီး ယင်းသည် အိမ်တွင်းနှင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုများနှင့်

ဆက်စပ်မှုရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးစစ်တမ်းများက ဆိုသည်။

အိမ်တွင်းလေထု ညစ်ညမ်းမှုကြောင့် နမိုးနီးယားရောဂါဖြစ်ပွားသူ ၁၂ ရာခိုင်နှုန်း၊ လေဖြတ်ရောဂါဖြစ်ပွားသူ ၃၄ ရာခိုင်နှုန်းနှင့် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပွားသူ ၂၆ ရာခိုင်နှုန်းအထိ ရှိနေသည်

၂၂ ရာခိုင်နှုန်းမှာ အဆုတ် ရောဂါဖြစ်ပွားနေပြီး ၆ ရာခိုင်နှုန်း မှာအဆုတ်ကင်ဆာဖြစ်၍ သေဆုံးနေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၂ စစ်တမ်းတွင် ဖော်ပြထားသည်။

 

ထို့ကြောင့် လေထုညစ်ညမ်းခြင်းကြောင့် အချိန်မတိုင်မီ အသက်ငယ်ငယ်ဖြင့် ဖျားနာသေဆုံးမှုမဖြစ်စေရန် လေထုသန့်စင်အောင် ဆောင်ရွက်ရန်လိုသည်။

လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသော အရာများကို ဆန်းစစ်လေ့လာပြီး လျှော့ချနိုင်မည့် စီမံကိန်းတစ်ခု ရန်ကုန်မြို့အတွက် ရေးဆွဲရန်လိုအပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုသည။

အိမ်တွင်း လေထုညစ်ညမ်းမှုလျော့ကျအောင် နေသာတဲ့ရက်တွေမှာ ပြတင်းပေါက်တွေအကုန်ဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် လုပ်ရမည်။ မီးခိုးငွေ့၊ ညှော်နံ့များတဲ့နေရာမှာ နေသူတွေက

Exhaust Fun (မီးခိုးထုတ်လွှတ်သည့်ပြွန်ပေါက်) ထားသင့်သည်။ အဲကွန်းအသုံးပြုသည့် အိမ်တွေမှာ အိမ်အတွင်းလေနဲ့ အပြင်လေကို လေးနာရီခြားတစ်ခါ၊ ခြောက်နာရီခြားတစ်ခါလောက်

ဖလှယ်သန့်စင်ပေးနိုင်ရင် ပိုကောင်းသည် ဟု ဒေါက်တာမှ အကြံပြုသည်။ အဲကွန်းကို ဆက်တိုက်မဖွင့်ဘဲ လေးနာရီ (သို့မဟုတ်) ခြောက်နာရီတစ်ခါ ပိတ်၍ တံခါးပေါက်များဖွင့်ပြီး

အပြင်လေဝင်အောင် ပြုလုပ်ပေးရန် အကြံပြုခြင်းဖြစ်သည်။

 

သို့သော် ရန်ကုန်မြို့နေ ပြည်သူအများစုကမူ မီးဖိုချောင်ခန်းမှ လေထုညစ်ညမ်းမှုက ကျန်းမာရေးထိခိုက်စေနိုင်သည်ကို မသိရှိကြပေ။

 

လေထုညစ်ညမ်းမှုကြောင့် လူတွေကျန်းမာရေးထိခိုက်တယ်လို့ စစ်တမ်းတွေက ပြောတာ မသိပါဘူး။ ရန်ကုန်မှာ လေထုညစ်ညမ်းမှု ဖြစ်နေတယ်ဆိုတာ သတင်းတွေမှာလည်း သိပ်မတွေ့ရဘူ။

အသိပညာပေးမှုတွေ လုပ်သင့်ပါသည်။

 

လေထုညစ်ညမ်းမှု ဖြစ်စေသောအရာများကို တစ်ပွဲတိုးနည်းဖြင့် လျော့ကျအောင်လုပ်၍ မရဘဲ သေချာစနစ်တကျ စီမံကိန်းချပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသော နှီးနွှယ်သည်

ဝန်ကြီးဌာနများ စုပေါင်းပြီး လုပ်ဆောင်သင့်သည်ဟု ၎င်းက ပြောသည်။

ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကိုဖြစ်စေသော အကြောင်းရင်းများ (ကားအမျိုးအစား၊ လောင်စာဆီအမျိုးအစား၊ ကားအစီးအရေအတွက်)ကို ဆန်းစစ်ရှာဖွေခြင်း၊ မြို့ပြသန့်ရှင်းရေး ဖုန်၊

အမှိုက်ထွက်ရှိမှု လျှော့ချခြင်း၊ စက်မှုဇုန်များမှ ထွက်လာသည့် အမှုန်အမွှားများ လျော့ကျအောင် ပြုပြင်ခြင်း စသဖြင့် နည်းလမ်းရှာဖွေပြီး ဘက်ပေါင်းစုံမှ လျော့ကျအောင် ပြုလုပ်ရန် လိုအပ်သည်။

လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရာမှာ တစ်ဦးချင်းစီရဲ့ အသိနဲ့လည်း ဆိုင်ပါတယ်။ ဆေးလိပ်မသောက်ရဆိုသည့် နေရာမှာသောက်နေတာမျိုးက မဖြစ်သင့်ဘူး။

စည်းကမ်းမရှိတာတွေ ပြင်ဖို့လိုတယ်။ အစိုးရပိုင်းကလည်း မူဝါဒတွေ ချမှတ်ဖို့လိုသလို လွှတ်တော်ပိုင်းကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်နိုင်မယ့် ဥပဒေ၊ နည်းဥပဒေတွေကို

လိုအပ်ရင် ဝိုင်းဝန်းပြဋ္ဌာန်းဖို့လိုတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကလည်း ကိုယ့်ရဲ့ စီးပွားရေးတစ်ခုတည်းမကြည့်ဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်အောင်

တတ်နိုင်သမျှထိန်းပြီး လုပ်ကိုင်ရမည် ဟု ပြောကြားခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ရန်ကုန် လေထုထဲတွင် ဖုန်နှင့်အမှုန်အမွှားပါဝင်မှုများနေသော်လည်း အဆိပ်သင့်ဓာတ်ငွေ့ပါဝင်မှု နည်းပါးနေသေးသဖြင့် ယခုထက်ပို၍ လေထုညစ်ညမ်းမှု မဆိုးလာရန်

ရေတိုရေရှည်စီမံကိန်းများ ချမှတ်လုပ်ဆောင်သင့်သည်ဟု ပညာရှင်များက အကြံပြုသည်။

How To Read 129 times