Toda Corporation သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)ထံမှ ရန်ကုန်မြို့တော်နယ်နမိတ်အတွင်း
ရေဖြန့်ဝေရေးတိုးတက်မှုစီမံကိန်း ပဲခူးမြစ်ရေပိုက်လိုင်းဆက်သွယ်မှုလုပ်ငန်းအား(ယန်းချေးငွေ)ခန့်မှန်းခြေယန်း ၁၁ဘီလီယံဖြင့် လက်ခံခဲ့ပြီး၊နိုဝင်ဘာလ ၃ဝရက်နေ့ တွင်စာချုပ်ချုပ်ဆိုခဲ့သည်။
ဆောက်လုပ်ရေးကာလတွင် ဆောက်လုပ်သည့် ရက်မှ ရက်ပေါင်း ၁ဝ၆ဝရက်(ခန့်မှန်းခြေ ၃၅လ)ကြာမြင့်မည်ဖြစ်သည်။ပြည်ပတွင်
ပထမဆုံး အကြိမ်အသုံးပြုခြင်းဖြစ်လာမည့် Urban Ring ဆောက်လုပ်ရေးနည်းလမ်း၊ရွှံ့ရေတွန်းအားသုံးတာဝေးဆောက်လုပ်ရေးနည်းလမ်း(မြစ်ရေပိုက်လိုင်းဆက်သွယ်မှုနည်းလမ်း)အစရှိသော
အဆင့်မြင့် ဆောက်လုပ်ရေးနည်းလမ်း ၂သွယ်ကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပိုက်လိုင်းသည် ဂျပန် ODA ချေးငွေဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။
ပဲခူးမြစ် အောက်ခြေတွင် လိုဏ်ခေါင်း တူးပြီး အထဲတွင် ရေပိုက်လိုင်းကို သွယ်တန်းမည်ဟု သိရသည်။
ယင်းပရောဂျက်သည်သီလဝါအထူးစီးပွားရေးဇုန်(SEZ)အပါအဝင် ရန်ကုန်မြို့တော်နယ်နမိတ်အတွင်း ရေဖြန့်ဝေရေးအထောက်အကူပြုပစ္စည်းများကို တိုးချဲ့ခြင်းအရှိန်အဟုန်ဖြင့်
မြင့်တက်လျက်ရှိသော ရေလိုအပ်ချက်အပေါ် ဝန်ဆောင်မှုကို ကောင်းမွန်ရန်ပြုပြင်ပြီး ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်လာရန်ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။