တိုကျို တိုက်ခန်း ပျမ်းမျှစျေးနှုန်း ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၈ သိန်းနီးပါးအထိ စံချိန်တင် မြင့်တက်


05 February, 2024

တိုကျို တိုက်ခန်း ပျမ်းမျှစျေးနှုန်း ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၈ သိန်းနီးပါးအထိ စံချိန်တင် မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဂျပန်နိုင်ငံ၏ မြို့တော်တိုကျိုတွင် အသစ်ဆောက်လုပ်ထားသော တိုက်ခန်း ဈေးနှုန်းများ  ၂၀၂၃ ခုနှစ်မှာ  စံချိန်တင် မြင့်တက်ခဲ့ပါသည်။

 

တိုကျိုအခြေစိုက် Real Estate Economic Institute မှ ထုတ်ပြန်သော စာရင်းအရ တိုကျိုရှိ ရပ်ကွက်ခရိုင် ၂၃ ခု ပျမ်းမျှဈေးနှုန်းမှာ တိုက်ခန်း အသစ်တခန်းလျှင် ယန်း ၁၂၄.၈၃ သန်း(ကန်ဒေါ်လာ ၇၇၇,၆၃၀) ဖြစ်ပါသည်။ ယန်း သန်း ၁၀၀ အထက်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၅ နှစ်တာအတွင်း တိုက်ခန်းဈေးနှုန်းများ ၆၀.၈% မြင့်တက်လာခဲ့သည်။ 

ထိုသို့ ဈေးမြင့်တက်သော်လည်း ရောင်းအာ ခိုင်မာနေဆဲ ဖြစ်သည်။ တိုက်ခန်းများ ဈေးစဖွင့်ပြီး တလအတွက် ရောင်းချရသည့် အရေအတွက်သည် ပျမ်းမျှ ၇၁% ရှိသည်။ ပုံမှန်အားဖြင့်  ၇၀% သည် ရောင်းအား ခိုင်မာသည့် ရေချိန်ဖြစ်သည်။ 

 

တိုကျို မြို့လယ်ရှိ တိုက်ခန်းများသည် လူကြိုက်များသည်။ အခန်း ၂၈၀ ပါသည့် Park Tower Nishi-Shinjuku သည် အထပ် ၄၀ ကွန်ဒိုမီနီယံ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလတွင် Mitsui Fudosan Residential က အရောင်းစဖွင့်ခဲ့သည်။ ၂၀၂၃ ခုနှစ် နှစ်မကုန်ခင်မှာပင် အခန်းအားလုံး ရောင်းထွက်သွားသည်။ အခန်းဈေးမှာ ပျမ်းမျှ ယန်း သန်း ၁၄၀ ဖြစ်ပါသည်။ တိုကျိုမြို့ စီးပွားရေး အချက်အချာနှင့် နီးသည့်အတွက် အဝယ်လိုက်ခြင်း ဖြစ်သည်။ 

Mitsui Fudosan Residential သည် တိုကျိုတွင် အခန်း ၁,၀၀၀ ဝန်းကျင်ပါသည့် ကွန်ဒိုစီမံကိန်းတခု အကောင်အထည်ဖော်လျက် ရှိသည် အခန်းဈေးမှာ ယန်း သန်း ၁၀၀ ကျော်ဟု ခန့်မှန်းထားသည်။ 

 

ဆောက်လုပ်ရေး ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ဆင်ခြေဖုံးရပ်ကွက်များတွင်  တန်ဖိုးသင့် တိုက်ခန်းအိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်ဖို့  ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် ခက်ခဲနေစေသည်။ သို့ဖြစ်ရာ မြို့လယ်ပိုင်း ဈေးအမြင့်တန်း အိမ်ရာစီမံကိန်းများကို လုပ်ကိုင်ကြသည်။ ဝင်ငွေ မြင့်မားသူများကို ရောင်းချရန် ရည်ရွယ်ထားကြသည်။ 

 

Source asia nikkei

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Residential Tips Read 204 times