ကမ္ဘာအရပ်ရပ်တွင် လုံးချင်းအိမ်တန်ဖိုးများသည် တည်နေရာ၊အကျယ်အဝန်းနှင့်ပတ်ဝန်းကျင်ပေါ်မူတည်၍ စျေးနှုန်းများကွဲပြားခြားနားမှုရှိပါသည်။အမေရိကန်တွင်ရှိသော စျေးအကြီးဆုံးအိမ် ၁ဝ လုံးအား ဖော်ပြချင်ပါသည်။တန်ဖိုးအနေနှင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅ဝမှ သန်း ပေါင်း၉ဝသန်းထိ ဖြစ်သည်။
1.Bel Air Spec Manor
Los Angelesတွင် တည်ရှိပြီး စတုရန်းပေ ၃၈ဝ,ဝဝဝကျယ်ဝန်းသည့် Bel Air Spec Manor သည် တန်ဖိုးအကြီးဆုံး အိမ်အဖြစ်အမေရိကန်တွင် ရပ်တည်နေသည်။Bruce Makawsky မှ ဖန်တီးတည်ဆောက်ထားပြီးJames-Bond ရုပ်ရှင်များကိုလည်း ထိုအိမ်တွင် ရိုက်ကူးခဲ့သည်။
2.The Manor
Los Angeles တွင် တည်ရှိသော Holmby Hills တွင် တည်ရှိပြီး တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၂ဝဝ ရှိသည်။ ၁၉၈၈ ခုနှစ်မှာ TV ထုတ်လုပ်ခဲ့သူ Aaron Spelling နဲ့ သူ၏ဇနီးဖြစ်သူ Candy တို့က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယင်းအိမ်တွင် အခန်းပေါင်း ၁၂၂ခန်းပါရှိပြီး ရှေးဟောင်းရုပ်တုငယ် ၄ဝဝကျော်ခန့် ရှိကြောင်းသိရသည်။
3.Manapalan Mansion
ထိုအိမ်ကတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၉၅ သန်းရှိသည်။တောင်ဘက်အကျဆုံးဖြစ်သော Florida တွင် တည်ရှိပါသည်။ အိပ်ခန်းပေါင်း ၃၃ခန်းပါဝင်ပြီး ရေချိုးခန်း ၄၇ခန်းပါဝင်သည်။
4.Great Island
Great Island ကတော့ Connecticut ၏ ပင်လယ်ကမ်းခြေ နား မှာ တည်ရှိသည်။တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၇၅ သန်းရှိ သည်။ ၁၈ဝဝခုနှစ်ကတည်းက တည်ဆောက်ထားပြီး ပင်လယ်ကမ်းခြေ အရှေ့တွင် ခမ်းနားထည်ဝါစွာတည်ရှိနေသော အိမ်တစ်လုံးပင်ဖြစ်ပါသည်။
5.Briar Patch
ပင်လယ်ကမ်းခြေဧရိယာအားသဘောအကျဆုံး နယူးယောက်ပြည်သူများအတွက် Briar Patchသည် တန်ဖိုး အနေဖြင့် အမေရိကန်ဒေါ်လာ ၁၄ဝ သန်း ရှိပါသည်။ အိမ်အကျယ်အဝန်းကတော့ စတုရန်းပေ ၁ဝ,ဝဝဝကျယ်ဝန်းသည်။အခန်းလေးခန်းပါသော ဧည့်ရိပ်သာ,Tennis Court,hot tub,plus a private pond,woodlands and lawns သည် စတုရန်းပေ ၃၅ဝဝပေါ်တွင် တည်ဆောက်ထားသည်။
6.Palmetto
အမေရိကန်ဒေါ်လာ ၁၃၇သန်းရှိပြီး Palm Beach တွင် တည်ရှိသည်။Netscape နှင့်အတူ Jim Clark တို့က ပူးပေါင်းတည်ဆောက်ခဲ့သည်။ ထူးခြားသော လက်ရာတခုဖြစ်ပြီး စတုရန်းပေ ၆ဝ,ဝဝဝ ကျော်ရှိသည်။
7. Rancho San Carlos
California,Santa Barbara တွင် တည်ရှိသည်။အိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁ဝ,ဝဝဝရှိပြီး သီးခြားအိမ် ၁ဝလုံး၊ ရှောက်သီးမျိုးနွယ်ဝင်အပင်များ၊ထောပတ်သီးပင်များလည်း ရှိသည်ဟုသိရသည်။
8.Fifth Avenue Duplex
New York မြို့တော်မှာ တည်ရှိပြီး စျေးအကြီးဆုံးအိမ်များထဲမှ တစ်ခုပင်ဖြစ်သည်။တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂ဝသန်းရှိသည်။ Central Parkလည်း ပါရှိပြီး အခန်းပေါင်း ၂ဝခန်းနှင့် စပျစ်ဝိုင်များသိုလှောင်ရန်အတွက်အခန်းလည်း ပါရှိသည်။
9.Pumpkin Key
ပုဂ္ဂလိကကျွန်းတွင်သာ တည်ရှိပြီး အမေရိကန်ဒေါ်လာ ၉၅သန်းရှိသည်။ ကမ်းကပ်ဆိပ်ကမ်း ၂ဝရှိပြီး တင်းနစ်ကွင်းနှင့် မရေမတွက်နိုင်သော အိမ်ပေါင်းများစွာလည်း ရှိသည်။
10.Brookline Estate
ဘော်စတွန်၏ အနောက်တောင်ဘက်တွင်တည်ရှိပြီး Reebok CEO Paul Fireman သည် ထုံးကျောက်များဖြင့် တည်ဆောက်ထားသည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉ဝ သန်းရှိသည်။ စတုရန်းပေ ၂၆,၆၂၃ ကျယ်ဝန်းပြီး အိမ်ပတ်ဝန်းကျင်တွင် Golf Course နှင့် country club တို့ပါရှိသည်။