One World Trade Center
ထို Center ကတော့ နယူးယောက်တွင် တည်ရှိသည်။အလွှာပေါင်း ၁ဝ၄ ထပ်ရှိပြီး အမြင့်မှာ ၁၇၇၆ပေ မြင့်သည်။ အနောက်နိုင်ငံ တွင် အမြင့်ဆုံးအဆောက်အဦ တစ်ခုဖြစ်သည်။
Burj Khalifa
ယခင်က Burj Dubia ဟုသိကြပြီးနောက်ပိုင်းတွင် Burj Khalifa ဖြစ်လာသည်။ဒူဘိုင်းတွင် တည်ရှိသော အဆောက်အဦတစ်ခုဖြစ်သည်။အမြင့်မှာ ၂၇၂၃ ပေ မြင့်ပြီး၁၆၃ ထပ်ရှိ၍ ၂ဝဝ၉ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။
Makkah Clock Royal Tower Hotel
ကမ္ဘာပေါ်မှာ တတိယ အမြင့်ဆုံးနှင့် အရှည်ဆုံးဟိုတယ်ဆိုလျှင် Mecca တွင် ရှိသော Makkah Clock Royal Tower Hotel ပင်ဖြစ်သည်။နာရီပါဝင်သော တာဝါတခုဖြစ်ပြီး အလွှာပေါင်း ၁၂ဝ ရှိပြီး ၁၉၇၂ပေ အမြင့်ရှိသည်။
Taipei 101
ထို အဆောက်အဦ ကတော့ Taipei တွင်ရှိပြီး နာမည်အတိုင်းပင် အထပ်ပေါင်း ၁ဝ၁ ထပ်ရှိပြီး ၁၆၆၉ ပေ မြင့်မားသည်။မြေအောက်ချည်းပင် ငါးလွှာ ရှိသည်။
Shanghai World Financial Center
နံပါတ် ၅ နေရာမှာတော့ Shanghai တွင် ရှိသော Shanghai World Financial Center ဖြစ်သည်။အမြင့်ပေ ၁၆၁၄ပေ ရှိပြီး အလွှာပေါင်း ၁ဝ၁ ထပ်ရှိသည်။ ဟိုတယ်များ၊ရုံးခန်းများလည်းပါဝင်သည်။
International Commerce Center
Hong Kong တွင် ရှိသော ယင်းcenter သည် အမြင့်ပေ ၁၅၈၈ ပေ မြင့်ပြီး ၁၁၈ထပ် ရှိသည်။ဟောင်ကောင်မှာတော့ အမြင့်ဆုံး အဆောက်အဦ တစ်ခုဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။
Petronas Towers
Kuala Lumpur တွင် ရှိသောလူသိများသည့် Twin တာဝါလည်း ပါဝင်နေပါတယ်။အမြင့်ဆုံးအဆောက်အဦးတစ်ခုအဖြစ် နံပါတ် ရနေရာမှာ ရှိနေပါတယ်။၁၄၈၃ပေ မြင့်ပြီး ၈၈ထပ်ရှိပါသည်။ယခုအချိန်တွင် ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦးအဖြစ် မှတ်တမ်းဝင်နေပါသေးတယ်။
Zifeng Tower
Nanjing တွင် ရှိသော Zifeng Tower ကို Adrian Smith မှ ဒီဇိုင်းရေးဆွဲပေးထားပြီး ၁၄၈ဝပေ အမြင့်ရှိသော ၈၉ ထပ် အဆောက်အဦ တစ်ခုဖြစ်သည်။ လှေကားထစ်ပုံစံအဆောက်အဦပုံစံဖြစ်ပြီး ရုံးခန်းများ၊ဟိုတယ်နှင့် စားသောက်ဆိုင်များ လည်းရှိသည်။
Willis Tower
ယခင်က Sears Tower ဟုခေါ်တွင်ခဲ့သော Willis Tower သည် Chicago တွင် ရှိပြီး အမြင့်ပေ ၁၄၅၁ပေနှင့် ၁ဝ၈ ထပ်ရှိသည်။၁၉၉၈ ခုနှစ်ထိ ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦ တခုဖြစ်ခဲ့သည်။
Kingkey 100
Shenzhen တွင်ရှိသော Kingkey 100 ကို KK100ဟုလည်းခေါ်ဆိုသည်။အထပ်ပေါင်း ၁ဝဝထပ်ရှိပြီး ၁၄၄၉ ပေမြင့်သည်။၂၂ထပ်ထိကတော့ Shopping mall နဲ့ ရုံးခန်းများဖြစ်သည်။အပေါ်ထပ်များကတော့ St.Regis ဟိုတယ်ဖြစ်သည်။