တယ်လီဂရပ်ဖ်ရဲ့စာရေးဆရာတွေ ၊ ဇိမ်ခံခရီးတွေအကြောင်းရေးတဲ့စာရေးဆရာတွေ ၊ ဟိုတယ်စပယ်ရှယ်လစ်တွေစုပေါငး်ပြီးတော့ဒီစာရင်းကိုပြုစုရေးသားထားတာဖြစ်ပါတယ်။
အကောင်းတကာ့အကောင်းဆုံးတွေကိုပဲဖော်ပြချင်တာဖြစ်လို့အချိန်အား ၊ ငွေအား ၊ လူအားတွေအများကြီးစိုက်ထုတ်ပြီးတော့ဒီစာရင်းကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သင့်အနေနဲ့ဟိုတယ်တစ်ခုရဲ့အဆင့်အတန်းကိုဘယ်အရာတွေကဖော်ပြတယ်လို့ထင်ပါသလဲ ?
ဟိုတယ်တွေဆိုတာကသူတို့ကိုအကြိမ်အခါအခါစစ်ဆေးပြီးမှသူတို့ရဲ့လက်ရှိအဆင့်အတန်းကိုရရှိထားကြ တာဖြစ်ပါတယ်။
ဒါဆိုရင်သူတို့ကိုသာမာန်ထက်ထူးခြားစေတာဘာတွေများဖြစ်မလဲ???
သူတို့ရဲ့တည်ရှိတဲ့နေရာ ၊ ၀န်ဆောင်မှု ၊ စတိုင် ၊ ဒီဇိုင်း ၊ ဖြည့်ဆည်းပေးနိင်တဲ့ Facilities ၊ စိတ်လှုပ်ရှားမှုပေးစွမ်းနိင်မှုစတာတွေကသူတို့ကိုသာမန်ထက်ထူးခြားစေတဲ့အချက်တွေဖြစ်ပါတယ်။
1. Cotton House Hotel
စပိန်နိင်ငံဘာစီလိုနာမြို့မှာရှိတဲ့ဒီဟိုတယ်ကိုနာမည်ကျော်ဒီဇိုင်းပညာရှင် Lazaro Rosa-Violan ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။
၁၉ ရာစုမှာဝါဂွမ်းစိုက်ပျိုးသူတွေနေခဲ့ဖူးတာကြောင့် Cotton House Hotel လို့အမည်ပေးထားတာဖြစ်ပါတယ်။
နှစ်ယောက်ခန်းတစ်ခန်းကိုတစ်ရက်တည်းခိုခယူရို ၁၇၅ ကျသင့်မှာဖြစ်ပါတယ်။
2. Lime Wood
အင်္ဂလန်နိင်ငံတောင်ဘက်ပိုင်းမှာရှိတဲ့ Hampshire ကမ်းရိုးတန်းမှာရှိတဲ့ဒီဟိုတယ်မှာအီတလီစတိုင်ဟင်းလျာတွေကိုအရောင်အသွေးစုံစုံလင်လင်အလှဆင်ထားတဲ့ထမင်းစားခန်းထဲမှာသုံးဆောင်ရမှာဖြစ်ပါတယ်။
နှစ်ယောက်ခန်းတစ်ခန်းကိုတစ်ရက်တည်းခိုခယူရို ၃၁၅ ကျသင့်မှာဖြစ်ပါတယ်။
3. Ett Hem
ဆွီဒင်နိင်ငံရဲ့မြိုတော်ဖြစ်တဲ့စတော့ဟုမ်းမှာရှိတဲ့အခန်း ၁၂ ခန်းသာရှိတဲ့ဒီဟိုတယ်မှာတော့အိမ်နဲ့တူတဲ့အငွေ့အသက်မျိုးကိုခန့်စားရမှာဖြစ်ပါတယ်။
နှစ်ယောက်ခန်းတစ်ခန်းကိုတစ်ရက်တည်းခိုခယူရို ၃၀၀ ကျသင့်မှာဖြစ်ပါတယ်။
4. Les Fermes de Marie Megeve
ပြင်သစ်နိင်ငံ Rhône-Alpes ဒေသ မှာရှိတဲ့ဒီဟိုတယ်မှာတစ်ညတာတည်းခိုခက ၂၉၈ ယူရိုဖြစ်ပါတယ်။
ရိုမန့်တစ်ဆန်ချင်သူတွေအတွက်အဲဒီဟိုတယ်မှာရှိတဲ့ကိုယ်ပိုင်ဥယာဉ်ငယ်လေးကပြီးပြည့်စုံပါစေလိမ့်မယ်။
5. Hotel du Cap-Eden-Roc
ပြင်သစ်နိင်ငံအရှေ့တောင်ဘက်မှာရှိတဲ့ Côte d'Azur ပင်လယ်ကမ်းစပ်မှာရှိတဲ့ဒီဟိုတယ်လေးက ၁၉ ရာစုက Mansion ကိုဟိုတယ်ပုံစံပြောင်းလဲထားတာဖြစ်ပါတယ်။
ဒီဟိုတယ်မှာရတဲ့ပင်လယ်စာမျိုးစုံကသင့်ကိုစိတ်ကျေနပ်မှုအပြည့်အဝရစေမှာပါ။