၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အခွန်စည်းကြပ်မှုအတွက် အခွန်အများဆုံးပေးဆောင်သည့် လုပ်ငန်းများ


24 November, 2020

မန္တလေးတိုင်းတွင် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အခွန်စည်းကြပ်မှုအတွက် အများဆုံးအခွန်ပေးဆောင်သည့် လုပ်ငန်းရှင် ၁ဝဝအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို

ဧပြီ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည်။ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် နှစ်ခုစလုံးတွင် အများဆုံးပေးဆောင်သူအဖြစ် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက ရရှိသည်။

ပြည်သူများ၏ လူမှုဘ၀ တွေ မြှင့်တင်ဖို့အတွက် ကျန်းမာ ရေး၊ ပညာရေးကဏ္ဍတွေလုပ်ဖို့ ဆိုတာ အခွန်ထမ်းတွေက အရေး ပါပါသည်။

မန္တလေးတိုင်းအစိုးရသည် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန်အများဆုံးပေးဆောင် သူ လုပ်ငန်းရှင် ၅၀ နှင့် ကုန်သွယ် လုပ်ငန်းခွန်အများဆုံးပေးဆောင် သူ လုပ်ငန်းရှင် ၅၀ ဦးတို့အား

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ ရာ New Star Light ဆောက် လုပ်ရေးကုမ္ပဏီက ဝင်ငွေခွန်ကျပ် တစ်ဘီလီယံကျော်နှင့် ကုန်သွယ် လုပ်ငန်းခွန် ကျပ်တစ်ဘီလီယံ ကျော်ပေးဆောင်ခဲ့သဖြင့် အခွန်နှစ်ခုစလုံးတွင် အများဆုံးပေးဆောင်ခဲ့သည်။

နိုင်ငံသားတစ်ယောက်အ နေနှင့် အခွန်ဆိုတာ မဖြစ်မနေပေး ဆောင်ရမှာ ဖြစသည်။ဘာ ကြောင့်လဲဆိုတော့ နိုင်ငံတော်မှာ လိုအပ်ချက်တွေ အများကြီးရှိနေ သည်။

အထူးသဖြင့် ကျန်းမာရေး၊ ပညာရေးတို့လို ကဏ္ဍတွေပေါ့။ အခြေခံအဆောက်အအုံပိုင်းတွေ ဖွံ့ဖြိုးဖို့ အများကြီးလိုအပ်နေတဲ့အတွက် အခွန်ထမ်းတွေရှိဖို့ လိုအပ်ပါသည်ဟု New Star Light ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ မှ ပြောသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်း၌ ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် လုပ်ငန်းငါးခုမှာ New Star Light ဆောက်လုပ်ရေးကုမ္ပဏီ၊ ကျော်ညိုမြတ်ကုမ္ပဏီ၊ Jin Long Myanmar Machinery Trading ကုမ္ပဏီ၊ စွမ်းအားမြင့်ကုမ္ပဏီနှင့် ဦးထွန်းဝင်းတို့ ဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန်အ များဆုံးပေးဆောင်သည့် လုပ်ငန်း ငါးခုမှာ New Star Light ဆောက် လုပ်ရေးလုပ်ငန်း၊ Europe & Asia Commercial ကုမ္ပဏီ၊ ကျော်ညို မြတ်ကုမ္ပဏီ၊ Lucky လုပ်ငန်းစုနှင့်Jin Long Myanmar Machinery Trading ကုမ္ပဏီတို့ ဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီး ဌာနသည် မန္တလေးတိုင်းအတွင်း အခွန်ကောက်ခံရာတွင် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်အခေါင်းအခွန်နှင့် အောင်ဘာလေ

သိန်းထီခွန်ဟူ၍ ငါးမျိုးကောက်ခံနေပြီး ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း အဆိုပါအခွန်အားလုံးမှ ကျပ် ၁၆ဝ ဘီလီယံ ကောက်ခံရရှိကြောင်း ထုတ်ပြန်ထားသည်။

Local Read 42 times