Tritone


26 October, 2020

Tritone Luxury Residence Complex စီမံကိန်းကတော့ ရန်ကုန်မြို့ ၈ မိုင်လမ်းစုံ မှာတည်ဆောက်မည့်လူနေ အသားပေးစီမံကိန်း ပဲဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှု

ထိုစီမံကိန်းကို ကိုရီယား နိုင်ငံမှ Hanwha Corporation နှင့် မြန်မာ နိုင်ငံမှ Living Square ဒို့ပူးပေါင်းပြီး ပြည်တွင်းပြည်ပ ဖက်စပ် စီမံကိန်းအနေဖြင့် လုပ်ဆောင်သွားမည် ဟုသိရှိရသည်။

မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လဲတရားဝင် နိုင်ငံခြားဖက်စပ် ခွင့်ပြုမိန့် ရရှိထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အနေဖြင့် အမေရိကန် ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံသွားမည် ဟုသိရှိရသည်။

စီမံကိန်းကို ဖေဖဝါရီလ ၂၀၁၆ ခုနှစ်တွင် Novotel Yangon Max ဟိုတယ် ၌ အများပြည်သူသို့ မိတ်ဆက်အရောင်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။

အကျိုးတူပူးပေါင်း ဆောင်ရွက်ရာတွင် Living Square ကဈေးဝယ်စင်တာ ကိုကိုင်တွယ်မည်ဖြစ်ပြီး Hanwha ကမူလူနေတိုက်ခန်းများဒီဇိုင်းနှင့် ရောင်းချမှုအား ကိုင်တွယ်မည်ဖြစ်သည်။ မြေအမျိုးအစား မှာ ဘိုဘွားပိုင် မြေဖြစ်ပြီး မြေကို Living Square မှ ဒေါ်အေးအေးသွယ် ကပိုင်ပြီး Hanwha Corporation မှ တည်ဆောက်သူ (developer) အဖြစ် နှင့် ဆောက်လုပ်ရေး (contractor) အဖြစ်ပါကိုယ်တိုင် တာဝင်ယူဆောက်လုပ် သွားမည်ဟု ဆိုသည်။

ပါဝင်သည့် အဆောက်အအုံများ

စီမံကိန်း သည်လူနေ အသားပေး စီမံကိန်း ဖြစ်ပြီး အထပ် ၃၀ အမြင့်လူနေ တာဝါ နှစ်လုံး၊ အထပ် ၂၂ ထပ်အမြင့်မျိုးစုံသုံး တာဝါတစ်လုံးတာဝါ သုံးလုံး ၏အောက်တွင်အဆင့်မြင့် ဈေးဝယ်စင်တာ တစ်ခု ပါရှိမည် ဖြစ်သည်။

လူနေသီးသန့်အခန်းများမှာ Tower B နှင့် Tower C တွင်ပါဝင်မည်းဖြစ်ပြီး ခုနှစ်လွှာမှ စတင်ကာ အထပ် ၃၀ အထိရှိမည်း ဖြစ်သည်။ ဘက်စုံသုံးအခန်း များမှာ Tower A တွင် ပါဝင်မည်းဖြစ်ပြီး ခုနှစ်လွှာမှ အထပ် ၂၂ အထိပါရှိမည်ဖြစ်သည်။

Tower A ၊ Tower B နှင့် Tower C တွင်အခန်းစုစုပေါင်း ၄၂၄ ခန်းပါရှိမည်ဖြစ်သည်။

အခန်းအကျယ်အဝန်းအနေဖြင့် ၁၇၅၀ စတုရန်းပေ မှ ၂၃၅၅ စတုရန်းပေရှိမည်ဖြစ်ပြီး အခန်းတိုင်းတွင် လသာဆောင် သုံးခု ပါရှိမည်ဟုဆိုသည်။

အမျိုးအစား အရေအတွက် အမြင့် အခန်းအရေအတွက်
လူနေကွန်ဒို ၂ လုံး ၃၀ ထပ် စုစုပေါင်း ၄၂၄ ခန်း
ဘက်စုံသုံး ၁ လုံး ၂၂ ထပ် စုစုပေါင်း ၄၂၄ ခန်း
Shopping Centre     အလွှာ ၅ လွှာ


ဒီဇိုင်းနှင့် ပါဝင်သည့် နည်းစနစ်များ

ဒီဇိုင်း အနေဖြင့် ကိုရိယားမှ အဖွဲ့များဖြင့်သာ သီးသန့်ရေးဆွဲထားပြီး "အစေ့အမှုံ" များအထိ အသေးစိတ် ဂရုတစိုက် နေရာကွက်လပ်မကျန် ဒေါင့်စေ့ကွက်တိ ရေးဆွဲထားသည်ဟု Hanwha မှ အညွှန်းဆိုထားသည်။

 Hanwha နှင့်ကိုရိယားတွင် စီမံကိန်း တော်တော်များများ လတ်တွဲလုပ်ဖူးသည့် Kiahn Architectsand Associate က ဗိသုကာဒီဇိုင်း ကို ဦးစီး ရေးဆွဲပြီး Midas, Dasol Engineering, CNI Engineering, Nara Engineering  စသည့် ကိုရိယားအခြေဆိုက်အဖွဲ့များမှ လျှပ်စစ်၊ အဆောက်အအုံ ဖွဲ့စည်းပုံ၊ မြို့ပြဆိုင်ရာ အင်ဂျင်နီယာ ပိုင်း ဒီဇိုင်းများကို ဆိုင်ရာဆိုင်ရာ ရေးဆွဲခဲ့ ကျသည်။

Company Country of origin Role
Kiahn Architectsand Associate တောင်ကိုရီးယား ဦးစီး ဗိသုကာဒီဇိုင်း
Midas IT တောင်ကိုရီးယား အင်ဂျင်နီယာ
Dasol Engineering တောင်ကိုရီးယား အင်ဂျင်နီယာ
CNI Engineering တောင်ကိုရီးယား အင်ဂျင်နီယာ
Nara Engineering Consultant တောင်ကိုရီးယား အင်ဂျင်နီယာ
Now Engineering တောင်ကိုရီးယား အင်ဂျင်နီယာ


အဆောက်အအုံတွင် ဈေးဝယ်စင်တာမှာ မြေညီထပ် မှ လေးလွှာထိဖြစ်မည် ဖြစ်ပြီး ငါးလွှာတွင် ရေကူးကန်၊ အားကစား ခန်းမ၊ ဘား၊ ကောဖိဆိုင်၊ Indoor Golf Range စသည့် facilities များပါဝင်မည်ဖြစ်သည်။

ကားပါကင် သည်လည်း မြေအောက်တွင် ၅ လွှာပါရှိပြီး ကား ၇၄၄ စီးရပ်နားနိုင်ကာ မြန်မာနိုင်ငံ တွင်အနက်ဆုံးကားပါကင် ဖြစ်လာမည်ဟု ဆိုသည်။  

အဆောက်အအုံတွင် စွမ်းအင်သုံးမှု ထိရောက်သည့်နည်းပညာ များထည့်သွင်း ထားမည်ဖြစ်ကာ စွမ်းအင်ထိရောက်မှု စံတစ်ခုဖြစ်လာရန် မျှော်မှန်းထားသည်ဟုဆိုသည်။

စွမ်းအင်သုံးမှု ထိရောက်သည့်နည်းပညာ များအနေဖြင့် ခေါင်မိုးပေါ်တွင် solar panel တပ်ဆင်ပြီးကားပါကင် နှင့် အများပြည်သူ နေရာများကို လျှပ်စစ် ဓာတ်အား ပေးခြင်း ၊ pair glass windows များအသုံးပြုခြင်း၊ ကျောက်တုံး အနားသတ် များထည့်ခြင်း စသည်ဖြင့် စွမ်းအင် ထိရောက်မှု မြင့်မားစေပြီး အထူးသဖြင့်  လေအေးပေးစနစ် တွင်ဓာတ်အား သုံးစွဲမှု လျှော့ချနိုင်သည်ဟုဆိုသည်။

Residential Read 63 times