လာမည့် ၂နှစ်အတွင်းအစိုးရဝန်ဆောင်မှု ၂၇ မျိုးကို အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲမည်ဟုသိရသည်။
ဥပမာ ဆီဆိုင်ပါမစ်၊ဟိုတယ်လိုင်စင် စသည်တို့ကို အွန်လိုင်းမှ ဝန်ဆောင်မှုပေးအပ်နိုင်သည့် အနေအထားရှိသော်လည်း သက်ဆိုင်ရာဌာနအသီးသီးတွင် Digital ဆိုင်ရာလုပ်ထုံးလုပ်နည်းများမရှိသဖြင့် စတင်နိုင်ခြင်းမရှိဟု ၎င်းက ပြောသည်။
တချို့ ဝန်ဆောင်မှုများသည် ကြန့်ကြာနေသောကြောင့် အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲမည်ဆိုပါက ဥပဒေအချို့ကို ပြင်ဆင်ရမည်ဖြစ်သည်။
အောက်တိုဘာ ၅ရက်တွင် ကျင်းပသည့်e-Government ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်သည့်အခါ ပုဂ္ဂလိကကဏ္ဍမ ဆော့ဝဲနှင့် အက်ပလီကေးရှင်းများဝယ်ယူရန် တင်ဒါခေါ်မည်ဟုသိရသည်။လက်ရှိအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ Website တွင်လုပ်ငန်းလိုင်စင်၊ကြော်ငြာဆိုင်းဘုတ်ခွင့်ပြုချက်၊အိမ်ခြံမြေဂရန်နှင့် အဆောက်အအုံကိစ္စရပ်များအတွက် အွန်လိုင်းဝန်ဆောင်မှု စတင်ခွင့်ပြုခဲ့သည်။
ရန်ကုန်အစိုးရအဖွဲ့ Website တွင်လိုင်စင်နှင့် ခွင့်ပြုချက်အတွက် ဝန်ဆောင်မှုကဏ္ဍတွင် အကြောင်းအရာ ပေါင်း ၂၃ ခုအတွက်လိုအပ်ချက်များဖော်ပြခဲ့သော်လည်း အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုပေးခဲ့ခြင်းမရှိပေ။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် လက်ရှိအချိန်တွင်ရုံးတွင် ICT လိုအပ်ချက်ကို ဦးစွာဖြည့်တင်းနေကြောင်း၊Digital ဝန်ဆောင်မှုစတင်သည့်အခါ ပုဂ္ဂလိက ကဏ္ဍမှ Software နှင့် Applications ဝယ်ယူခြင်းသည် အစိုးရဘတ်ဂျက်ကို ပြည်သူ့များထံသို့စီးဆင်းစေမည့် နည်းလမ်းဖြစ်ကြောင်း သိရသည်။