လာမည့်နှစ် ငွေဆောင်တွင် ဟိုတယ်သစ် နှစ်လုံးဖွင့်မည်


03 November, 2020


ငွေဆောင်ကမ်းခြေသို့ပြည်တွင်းပြည်ပမှခရီးသွားဧည့်သည်လာရောက်လည်ပတ်မှုနှစ်စဉ်မြင့်တက်လာသော ကြောင့်ငွေဆောင်ဟိုတယ်ဇုန်အတွင်း ဟိုတယ်သစ်နှစ်လုံးအား၂၀၁၈ခုနှစ်တွင်ထပ်မံဖွင့်လှစ်သွားမည်ဖြစ် ကြောင်းငွေဆောင်ဇုန်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးမှပြောကြားခဲ့ကြောင်း သိရသည်။

အခန်းပေါင်း၈၈ခန်းခန့်ပါရှိပြီးယခုတွင်တည်ဆောက်မှုပိုင်းများပြုလုပ်နေကြောင်းသိရသည်။

နောက်ထပ်နှစ်လုံးအားထပ်မံတည်ဆောက်နိုင်ရန်လေ့လာမှုများလုပ်နေပြီးလုပ်ငန်းလိုင်စင်မပေးရသေးကြောင်းသိရသည်။

ငွေဆောင်သို့ခရီးသွားဧည့်သည်များဝင်ရောက်မှုသည်တစ်နှစ်ထက်တစ်နှစ်သိသာမြင့်တက်လာပြီးယခုနှစ် ဇန်နဝါရီလကုန်မှ ဇွန်လကုန်ထိပြည်တွင်းပြည်ပဧည့်သည်ရှစ်သောင်းခြောက်ထောင်နီးပါး ဝင်ရောက်ထားသော ကြောင့်လိုအပ်ချက်များအတွက်တိုးချဲ့ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ငွေဆောင်ကမ်းခြေတွင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့်ဖွင့်လှစ်ထားသောဟိုတယ်၂၈လုံးရှိပြီးကမ်းခြေသို့၂၀၁၅ခုနှစ်တွင်ပြည်တွင်းခရီးသည်၆၉၄၇၃ဦး၊ပြည်ပမှ၁၄၅၆၈ စုစုပေါင်း၈၄၀၄၁ဦးနှင့် ၂၀၁၆ခုနှစ်တွင်ပြည်တွင်းခရီးသည်၈၈၆၂၂ဦး၊ပြည်ပမှ၂၉၇၄၈ဦးစုစုပေါင်း၁၁၈၃၇၀ဦးတိုးမြင့်ဝင်ရောက်မှုရှိလာ ကြောင်းသိရသည်။

၂၀၁၇ခုနှစ်တွင်ဇန်နဝါရီလမှဇွန်လကုန်ထိပြည်တွင်းဧည့်သည်၆၅၀၀၀နှင့်ပြည်ပဧည့်သည်၂၀၇၀၀ကျော်ဝင် ရောက်မှုရှိခဲ့ကြောင်းသိရသည်။

မိုးတွင်းကာလတွင်ခရီးသွားမြှင့်တင်ရေးအစီအစဉ်ကိုလည်းဆောင်ရွက်ပေးထားကြောင်းလာမည့်ခရီးသွားရာသီတွင်လာရောက်သူများဒေသတွင်းနေထိုင်လည်ပတ်ရက်ကြာစေရန်ခရီးသွားဆွဲဆောင်နိုင်မည့်အစီအမံများ ရှာဖွေဆောင်ရွက်နေကြောင်းသိရသည်။

ငွေဆောင်ကမ်းခြေအရှည်မှာလေးမိုင်ရှိပြီးအနီးဝန်းကျင်တွင်ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့်ကျေးရွာများကိုလေ့လာနိုင်ပြီးငှက်ကျွန်း၊ချစ်သူများကျွန်းအပါအဝင်အခြားလည်ပတ်စရာနေရာများကိုလည်းခရီးသွား ဧည့်သည်များစိတ်ဝင်စားမှုမြင့်တက်လာကြောင်းသိရသည်။

Pyay Myanmar

Hospitality Read 181 times