၂၀၁၈နှစ်ကုန်တွင် အပြီးတည်ဆောက်မည့် သီလဝါရှိ ဆိပ်ကမ်းနှစ်ခု


02 November, 2020


တစ်နှစ်လျှင်ကုန်သေတ္တာအရေအတွက်နှစ်သိန်းခန့်လက်ခံဆောင်ရွက်မည့်ဆိပ်ကမ်းအမှတ်(၂၅)နှင့်(၂၆)အား သီလဝါဆိပ်ကမ်းတွင် ၂၀၁၈ဒီဇင်ဘာတွင်အပြီးသတ်တည်ဆောက်မည်ဟုသိရသည်။

ထိုဆိပ်ကမ်းများသည်ရေဘက်ခြမ်းတွင်အလျား၂၀၀မီတာ၊ကုန်းမြေအလျား၇၅၀မီတာရှိပြီးဧကနှင့်တွက်ချက် လျှင်၃၇ဒသမ၇ဧကရှိကြောင်းသိရသည်။

ဆိပ်ကမ်းအားမျှော်မှန်းချက်အတိုင်းတည်ဆောက်ပြီးစီးလျှင်၂၀၁၉တွင်စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ဆိပ်ကမ်းနှစ်ခုအားဂျပန်အစိုးရချေးငွေ(ODA Loan Project)ကိုဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA)မှတဆင့်ရယူတည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။တည်ဆောက်ရေး လုပ်ငန်းများအဆင်ပြေချောမွေ့လာလျှင်ဆိပ်ကမ်းအမှတ်၂၄အားဂျပန်အစိုးရချေးငွေဖြင့်ပင်ဆက်လက် တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ဂျပန်အစိုးရသည်ဆိပ်ကမ်းအဆင့်မြှင့်တင်ရန်အမေရိကန်ဒေါ်လာ၂၀၁ဒသမ၅သန်းနှင့် ညီမျှသောဂျပန်ယန်းငွေ ချေးပေးရန်၂၀၁၄ဖေဖော်ဝါရီတွင်သဘောတူခဲ့ကြောင်းသိရသည်။သီလဝါကမ်းနားဒေသတွင်၁၉၉၆ခန့်တွင် ဆိပ်ခံတံတားဖောက်လုပ်ရန်မြေကွက်၃၇ကွက်လျာထားပြီး၁၀ကွက်ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ ကျန်ဆိပ်ခံတံတားများအနက်ဆိပ်ကမ်းအမှတ်(၂၄)၊(၂၅)နှင့်(၂၆)အားမြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ တည်ဆောက်မည်ဖြစ်ပြီးကျန်ဆိပ်ကမ်းများကိုပုဂ္ဂလိကကုမ္ပဏီများ၏ဦးဆောင်မှုဖြင့်ဆောက်လုပ်မည်ဖြစ် ကြောင်းသိရသည်။

ဆိပ်ကမ်းအမှတ်အားလုံးတွင်ဆိပ်ခံတံတားများ၂၀၂၀တွင်အပြီးတည်ဆောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

7Days Daily

Local Factory and Industrial Plant Read 60 times